ရန်ကုန်တိုင်းဒေသကြီး အချို့မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

ရန်ကုန်တိုင်းဒေသကြီး    အချို့မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက် ပြီး မီဒီယာများ  မေးမြန်းထားတာကို ပြန်လည် ပြောကြားသွားပါမယ်။ စဖြစ်တာကတော့ ရန်ကုန် တိုင်းဒေသကြီး ဒေါပုံမြို့နယ်  နွယ်အေးရပ်ကွက် သဲကွင်းကျူးကျော်ရပ်ကွက်မှာဖြစ်ပါတယ်။ အဲဒီ မှာ  ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတယ် ဆိုပြီး သတင်းရရှိခဲ့ပါတယ်။ ဒါကြောင့် ဇူလိုင်လ  ၃  ရက်နေ့က   သွားရောက်စစ်ဆေးတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာ ဖြစ်ပွားသူ ၁၂ ဦးရှိကြောင်း တွေ့ရှိရပါတယ်။ အဲဒီထဲကဆေးရုံ တက်ရောက်ကုသသူ ကိုးဦးရှိခဲ့ပါတယ်။ အဲ့ဒီကိုးဦး ရဲ့ ဝမ်းနမူနာတွေကိုစစ်ဆေးခဲ့ပါတယ်။ စစ်ဆေး တဲ့အခါမှာ  တစ်ဦးက  ကာလဝမ်းရောဂါပိုးတွေ့ရှိ တယ်ဆိုတဲ့   အဖြေထွက်ခဲ့ပါတယ်။   ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံအသီးသီး မှာ တက်ရောက်နေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာပြတဲ့ လူနာတွေကို ကာလဝမ်းရောဂါပိုး ရှိ / မရှိ  စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ထိ တွေ့ရှိရတာ ကတော့   ဝိတိုရိယဆေးရုံမှာ  တစ်ဦး၊  ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ  လေးဦး  စုစုပေါင်း   ငါးဦး တွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ရှိခဲ့ပါတယ်။ ကျန်တဲ့  ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာပြတဲ့သူတွေ ကတော့ ကာလဝမ်းရောဂါပိုး မတွေ့ရှိခဲ့ပါဘူး။
ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်ပွားတဲ့နေရာ ဒေါပုံ မြို့နယ်  နွယ်အေးရပ်ကွက်   သဲကွင်းကျူးကျော် ရပ်ကွက်ကို ရန်ကုန်တိုင်းဒေသကြီးက တာဝန် ရှိသူတွေ       ပြည်သူ့ကျန်းမာရေးအဖွဲ့တွေနဲ့ သွားရောက်စစ်ဆေးတဲ့အခါမှာ   အဲ့ဒီနေရာမှာ အိမ်ခြေ ၁၆၆ လုံး၊  လူဦးရေ ၆၄၆ ဦး နေထိုင်ပြီး အများသုံးအိမ်သာက ၁၂ ခန်းသာရှိကြောင်း တွေ့ရ ပါတယ်။ ဒီဟာကလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေတဲ့   အကြောင်းရင်းလို့ပဲ   သုံးသပ်ရပါ တယ်။ ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိပြီး စောစော  စီးစီးကုသပေးနိုင်ဖို့   အဲ့ဒီနေရာမှာပဲ   ဆောင်ရွက် လျက်ရှိပါတယ်။ လိုအပ်တဲ့ကိစ္စများဖြစ်တဲ့ လမ်းဘေး  စားသောက်ဆိုင်တွေကို  ယာယီပိတ်ထားတာတွေ၊  ရေနဲ့ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းများ အားဖြည့် ဆောင်ရွက်တာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ခုနက ကျွန်တော်ပြောတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်သူထဲမှာ    ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့်    သေဆုံးသူမရှိပါဘူး။   အဲဒီထဲကမှ တစ်ဦးကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် မဟုတ်ဘဲနဲ့  နဂိုကတည်းက   ခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံရှိလို့  သေဆုံးခဲ့ကြောင်း  သိရပါ တယ်။ ဒီရပ်ကွက်တွေကို သွားရောက်စစ်ဆေးပြီး တော့   ယာယီဆေးခန်းဖွင့်လှစ်ပြီး  လူနာသစ်တွေ လာရောက်ပြသမှု အခြေအနေတွေကို လက်ခံတာ တွေ၊ တိုင်းဒေသကြီးက တာဝန်ရှိအဖွဲ့အစည်းတွေ၊ ဒေသခံကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုအဖွဲ့အစည်း တွေ၊ Volunteer တွေကနေပြီး ရပ်ကွက်အတွင်း သန့်ရှင်းတဲ့ရေရရှိရေး ကလိုရင်းဆေးခတ်တာတွေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး    ဆောင်ရွက်တာတွေ၊ ရေသန့်ဖြန့်ဝေတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် လူနာနေအိမ်တွေသွားရောက်ပြီး ရောဂါ ဗေဒဆိုင်ရာတွေကို   စုံစမ်းထောက်လှမ်းတာတွေ၊ လူနာနဲ့အနီးကပ်ထိတွေ့သူတွေကို    ကျန်းမာရေး ပညာပေးတာတွေ၊   ပဋိဇီဝဆေး   တိုက်ကျွေးတာ တွေကို  ဆောင်ရွက်လျက်ရှိပါတယ်။  ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန် တိုင်းဒေသကြီး       လူမှုရေးဝန်ကြီးတို့ကလည်း သွားရောက်ကွင်းဆင်းစစ်ဆေး ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့လည်း      ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကူးစက်)ညွှန်ကြားရေးမှူးဦးစီးတဲ့ ဗဟိုတုံ့ပြန်ရေး အဖွဲ့စေလွှတ်ပြီး      ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာပြောချင်တာက   ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုတာ     မိုးဦးကာလမှာဖြစ်ပွားတတ်တဲ့  ရောဂါမျိုးဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ပတ်သက်ပြီး သတိပြုဖွယ်ရာတွေကို ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့     လှုံ့ဆော်စာတွေထုတ်ပြန် ပေးလျက်ရှိပါတယ်။ ဒီလှုံ့ဆော်စာတွေ၊  တိုက်တွန်း  ချက်တွေကို သေချာဖတ်ပြီး ကြိုတင်ကာကွယ် တာတွေ၊ ကြိုတင်တားဆီးတာတွေ၊ လိုက်နာတာ တွေဆောင်ရွက်သွားရမှာဖြစ်ပါတယ်။  အကျဉ်း ချုပ်အနေနဲ့ကတော့ ရေကို ကျိုချက်သောက်တာ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း  ကလိုရင်းဆေးခတ်ပြီး သောက်တာ၊ အစားအစာတွေကိုသန့်ရှင်းစွာချက်ပြုတ်ပြီး ယင်မနားအောင် ဖုံးအုပ်ထားတာတွေ၊ ယင်လုံအိမ်သာများအသုံးပြု ဖို့  ဒါတွေကို  ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး  ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လည်း အဆက်မပြတ်  စောင့်ကြည့်ဆောင်ရွက် လျက်ရှိသလို  ဒေသဆိုင်ရာအာဏာပိုင်များက လည်း   အဆက်မပြတ်စောင့်ကြည့်အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုအနေနဲ့ လည်း  ကျန်းမာရေးဝန်ကြီးဌာန၊  ဒေသဆိုင်ရာ အာဏာပိုင်များရဲ့      ရောဂါကာကွယ်တားဆီး နှိမ်နင်းရေးသတိပေးချက်    လှုံ့ဆော်မှုတွေကို အတူလိုက်နာပြီး ပူးပေါင်းဆောင်ရွက်သွားကြဖို့မေတ္တာရပ်ခံလိုပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။