
နေပြည်တော် ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက် ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီ မီတာဖြစ်ပြီး ယနေ့အထိ ၁၅၃၅ စင်တီမီတာအထိ မြင့်တက်လျက်ရှိသဖြင့် စိုးရိမ်ရေမှတ်အထက် ၁၇၅ စင်တီမီတာကို ကျော်လွန်ခဲ့ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှု များဖြစ်ပေါ်လျက်ရှိသောကြောင့် နယ်မြေခံတပ်မတော် သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ် သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေါမိုင်းရပ်ကွက်ရှိ တောရ ကျောင်းတိုက်နှင့် ကင်းတော်ကျေးရွာရှိ အောင်သိဒ္ဒိ ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များအား ဆွမ်းဆန်နှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ မြေပြိုမှုဖြစ်ပေါ်လျက်ရှိသည့် လားဝယ်ကျေးရွာ၌ ရေလွှဲမြောင်းများ တူးဖော်ပေးခြင်း၊ ရွှေ့ပြောင်းရန် လိုအပ်သောအိမ်ထောင်စုများကို ရေဘေးကင်းလွတ် ရာနေရာများဖြစ်သည့် မြသိန်းတန်ဘုရားကုန်း၊ တပ်ဦးနန္ဒဝန်ဘုန်းတော်ကြီးကျောင်း၊ ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်းနှင့် အခြေခံပညာအလယ်တန်း ကျောင်း(ဇီးဖြူကုန်း) စသည့်နေရာများသို့ ကူညီ ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း နှင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်