ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်

နေပြည်တော် ဇူလိုင်  ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ   ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား  ယနေ့  နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းက   တိုင်းစစ်ဌာနချုပ်   ခရေရိပ်သာ၌ တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက   အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ စားသောက်ဖွယ်ရာ များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များအား   ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။                 သတင်းစဉ်