မြန်မာနိုင်ငံကြက်ခြေနီအသင်းက နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများလှူဒါန်း

Image not available
 
 
ရန်ကုန် ဖေဖော်ဝါရီ ၉
 
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ လှူဒါန်းပွဲကို ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်သည်။
 
လှူဒါန်း
 
အခမ်းအနားတွင် လှူဒါန်းမှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် နှင့် တာဝန်ရှိသူများက ယခုလှူဒါန်းမှုမှာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု မိတ်ဖက်အသင်းအဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ နော်ဝေနိုင်ငံ ကြက်ခြေနီ အသင်း၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်း၊ ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်း၊ တူရကီနိုင်ငံလခြမ်းနီအသင်းနှင့် ဆွီဒင် နိုင်ငံ ကြက်ခြေနီအသင်းတို့မှ အမေရိကန်ဒေါ်လာ ၁၆၅၀၀ တန်ဖိုးရှိ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ ၂၅၀ နှင့် ပါးစပ်နှင့်နှာခေါင်းစည်း ၅၀၀၀ တို့ကို လှူဒါန်းခြင်း ဖြစ်ပါကြောင်း။
 
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နယ်စပ် ဝင်၊ ထွက် ပေါက်များတွင် ရောဂါစောင့် ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က ထုတ်ဝေထား သော ကျန်းမာရေးအသိပညာပေး အချက်အလက်များကို အသုံးပြု၍ ကျန်းမာရေးအသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များထုတ်ဝေကာ ပြည်သူများထံ ဖြန့်ဝေပေးအပ်မည်ဖြစ်ပါကြောင်း။
 
မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် လျင်မြန်တုံ့ပြန် အဖွဲ့ (rapid response team) များ ဖွဲ့စည်းထားရှိပြီး ယခု ကဲ့သို့ ကပ်အသွင် ရောဂါဖြစ်ပွားပျံ့နှံ့မှုများနှင့်ပတ်သက်၍ လည်း သင်တန်းပေးလေ့ကျင့်ထားသူ ၃၀၀ ခန့်ရှိပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ပံ့ပိုးမှု၊ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်း၏ အသင်းဝင်အင်အားသည် များပြားပြီး အသင်း၏လုပ်ငန်းများတွင် လျင်မြန်တုံ့ပြန် ဆောင်ရွက်မှုများ ပါဝင်သည်ဖြစ်သဖြင့် ဝန်ကြီးဌာန၏ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များ အရှိန်အဟုန်ဖြင့် အားဖြည့်ဆောင်ရွက်မှုများတွင် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း များ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့ အစည်းများ သက်ဆိုင်ရာကဏ္ဍအလိုက်ပါဝင်ကြရန် စာဖြင့် အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင် ရွက်ရာတွင် စနစ်တကျချိန်သားကိုက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုများသည် အထူးအရေးကြီးပါကြောင်း။
 
ချိတ်ဆက်ဆောင်ရွက်
 
ထိုသို့ ပူးပေါင်းဆောင်ရွက်မှုတွင် လုပ်ငန်းတာဝန် ခွဲဝေသတ်မှတ်မှုများ စနစ်တကျရှိစေရေးအတွက် မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက် ရေးဌာနခွဲတို့ အသေးစိတ်ဆွေးနွေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် မြို့နယ်အဆင့် များတွင် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ကျန်းမာရေးအသိပညာအချက်အလက် များ ဖြန့်ဝေရာတွင် ပြည်သူလူထုထံရောက်ရှိမှု၊ နားလည်မှု၊ အမှန်တကယ်အသုံးချမှုများရရှိစေရေး ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
 
နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရာတွင် အားလုံး စုစည်းပူးပေါင်း ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မိတ်ဖက်ကြက်ခြေ နီအသင်းများက လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁၆၅၀၀ တန်ဖိုးရှိ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ ၂၅၀ နှင့် ပါးစပ်နှင့်နှာခေါင်းစည်း ၅၀၀၀ တို့ကိုလက်ခံခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်