
နေပြည်တော် ဇူလိုင် ၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချင်းတောင်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ချင်းတောင်မြို့အတွင်းရှိ ချင်းတောင်ဟိုင်အလ်အဖွဲ့ (Qingdao Haier Group)နှင့် ချင်းတောင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ (Qingdao Hisense Research and Development Center) များသို့ လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ချင်းတောင်ဟိုင်အလ်အဖွဲ့ (Qingdao Haier Group)သို့ ရောက်ရှိရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာ လျိုဒလင် (Mr. Liu Dalin) နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။
လိုက်လံရှင်းလင်းပြသ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် Haier Group အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူ များက ဟိုင်အလ်အဖွဲ့ဆိုင်ရာ အချက်အလက်များ၊ Haier Group မှ ထုတ်လုပ်သည့် နည်းပညာမြင့် ခေတ်မီအီလက်ထရွန်နစ်ပစ္စည်းများ၊ ကျန်းမာရေး ဆိုင်ရာ နည်းပညာမြင့် စက်ပစ္စည်းများ၊ မော်တော် ယာဉ်များ၊ တန်ဖိုးမြင့်မားသည့် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းအမှတ်တံဆိပ်များတွင် နံပါတ် ၁ အဖြစ် ခုနစ်နှစ်ဆက်တိုက် ရပ်တည်ခဲ့မှု အခြေအနေနှင့် ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည့် အစီအမံများ ကို လိုက်လံရှင်းလင်းပြသကြသည်။
အပြန်အလှန်ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များ ကို မေးမြန်းဆွေးနွေးပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ချင်းတောင်ဟိုင်အလ်အဖွဲ့ (Qingdao Haier Group)ကို ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပိုမိုကောင်းမွန်သည့် လူနေမှုဘဝနှင့် ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှုတို့အတွက် ကမ္ဘာ့ထိပ်တန်း ဖြေရှင်းမှုများကို ထောက်ပံ့ပေးလျက်ရှိသည်။ ဟိုင်အလ်အဖွဲ့သည် ခေတ်ဆန်သော လူနေမှုနှင့် စက်မှုလုပ်ငန်းသုံး အင်တာနက် စသည့်အဓိက လမ်းကြောင်းနှစ်ခုကို တည်ထောင်ထားပြီး သုတေ သနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ ၁၀ ခု၊ သုတေသန အဖွဲ့အစည်း ၇၁ ဖွဲ့၊ စက်မှုဥယျာဉ် ၃၅ ခု၊ ကုန်ထုတ် လုပ်မှုစင်တာ ၁၄၃ ခုနှင့် ကမ္ဘာတစ်ဝန်းတွင် အရောင်းကွန်ရက်ပေါင်း ၂၃၀၀၀၀ ကို တည်ထောင် ထားရှိကြောင်း သိရသည်။
ကြိုဆိုနှုတ်ဆက်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော် ချိန် နံနက် ၁၀ နာရီခွဲတွင် Hisense ချင်းတောင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ (Hisense Qingdao Research and Development Center) သို့ရောက်ရှိရာ ဒုတိယမန်နေဂျာ မစ္စချန်ဆိုင်ချာ(Ms. Zhen Cai Xia) နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
လှည့်လည်ကြည့်ရှုလေ့လာ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် စင်တာ အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူ များက Hisense စင်တာ၏ နောက်ခံသမိုင်းအကျဉ်းနှင့် Hisense အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် နည်းပညာမြင့် ခေတ်မီအီလက်ထရွန်နစ်ပစ္စည်းများ၊ နည်းပညာများဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်မှု၊ ထုတ်ကုန်အသစ်နှင့် စက်မှုအဆင့်မြှင့် တင်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို လိုက်လံရှင်းလင်းပြသကြသည်။
မေးမြန်းဆွေးနွေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သိရှိလို သည်များကို မေးမြန်းဆွေးနွေးပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြ သည်။
ချင်းတောင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု စင်တာသည် Hisense ၏ ကမ္ဘာလုံးဆိုင်ရာ သုတေ သနနှင့် ဖွံ့ဖြိုးတိုးတက်မှုရုံးချုပ်ဖြစ်ပြီး ချင်းတောင် မြို့ လာရှန်ခရိုင်တွင်တည်ရှိကာ ကုန်းမြေဧရိယာ ၂၂၇၀၀၀ စတုရန်းမီတာရှိသည်။
ယင်းဧရိယာအတွင်း တီဗွီနှင့် ဆက်သွယ်ရေးကို အဓိကထားသည့် အီလက်ထရွန်နစ်သတင်းအချက် အလက်လုပ်ငန်း၊ ပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် လူနေအိမ်တို့ကို အဓိကထားသည့် စက်မှုနည်းပညာ အချက်အလက်လုပ်ငန်း၊ ရေခဲသေတ္တာ၊ လေအေးပေး စက်၊ အဝတ်လျှော်စက်၊ မီးဖိုချောင်နှင့် ရေချိုးခန်း အသုံးအဆောင်များ စသည်တို့ကို အဓိကထားသည့် အိမ်သုံးပစ္စည်းလုပ်ငန်းဟူ၍ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဧရိယာ သုံးခု ခွဲခြားပြီး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုကဲ့သို့ သုတေသနပြုရာမှ ရရှိလာသည့် နည်းပညာ၊ နည်းစနစ်များနှင့်အညီ ထုတ်ကုန်ပစ္စည်း များကို သုံးစွဲသူများ၏ လိုလားချက်များနှင့် ကိုက်ညီအောင် အဆင့်မြှင့်တင်ထုတ်လုပ်လာနိုင်မှု ကြောင့် ၂၀၂၃ ခုနှစ်တွင် Hisense သည် နှစ်စဉ်ဝင်ငွေ ယွမ် ၂၀၁ ဒသမ ၇ ဘီလီယံနှင့် စုစုပေါင်းအမြတ် ယွမ် ၁၃ ဒသမ ၇ ဘီလီယံဖြင့် တည်ငြိမ်သောတိုးတက် မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး တစ်နှစ် ထက်တစ်နှစ် အမြတ်ဝင်ငွေ ၁၁ ရာခိုင်နှုန်း တိုးတက် လာခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းတောင်မြို့ မြို့တော်ဝန် Mr. Zhao Haozhi က Qingdao Sea View Garden Hotel ၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်