နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်သို့တက်ရောက်ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နေပြည်တော်   ဇူလိုင်   ၉


ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့    (SCO)  ၏ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုဖိုရမ်သို့   တက်ရောက် ခဲ့သည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည်    ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ချင်းတောင်လေဆိပ်မှ  လေကြောင်းခရီးဖြင့် ကူမင်း မြို့သို့ထွက်ခွာရာ   တရုတ်နိုင်ငံဆိုင်ရာ    မြန်မာ သံအမတ်ကြီး ဦးတင်မောင်ဆွေ၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊  ချင်းတောင်မြူနီစီပယ်ဒေသ  တရုတ် ကွန်မြူနစ်ပါတီ  ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် မစ္စ လင်ပင်းနှင့်    တာဝန်ရှိသူများက  လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


 ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ဒေသစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ် တွင်   ကူမင်းမြို့သို့ရောက်ရှိကြရာ  ယူနန်ပြည်နယ် ပြည်သူ့အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန    ညွှန်ကြား ရေးမှူးချုပ်   မစ္စတာ   ကျန်းရှစ်ကျင်း   (Mr.Zhang Shijin)၊ ကူမင်းကောင်စစ်ဝန်ချုပ်  ဦးသွင်ထက်လင်း နှင့်  တာဝန်ရှိသူများက  ကူမင်းလေဆိပ်၌   ကြိုဆို နှုတ်ဆက်ကြသည်။


နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
ဆက်လက်၍     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေကြောင်း ခရီးဖြင့် ကူမင်းမြို့မှ  ဆက်လက်ထွက်ခွာရာ ညပိုင်း တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီအဖွဲ့ဝင်များ၊    ပြည်ထောင်စုဝန်ကြီးများ၊   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)  မှ   အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊     နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် မြန်မာ နိုင်ငံဆိုင်ရာ    တရုတ်နိုင်ငံသံရုံးနှင့်    စစ်သံရုံးတို့မှ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ   ခရီးစဉ်တွင် လိုက်ပါ သွားကြသည့်     သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး   ဦးမင်းသူ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌရုံးနှင့်    နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ    အဆင့်မြင့် အရာရှိကြီးများလည်း  ပြန်လည်လိုက်ပါလာခဲ့ကြ ကြောင်း သတင်းရရှိသည်။               

သတင်းစဉ်