ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)သို့ လက်ဆွဲကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်

ပဲခူး   ဇူလိုင်   ၉


ပဲခူးတိုင်းဒေသကြီး  အစိုးရအဖွဲ့ အစီ အစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင် အထွက်နှုန်းပြည့်မီစေရေး     ပဲခူးတိုင်း ဒေသကြီး      (အရှေ့ခြမ်း) သို့      လက်ဆွဲ ကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်  ၉   ရက်   နံနက်က   ပဲခူးမြို့    မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့်   တိုင်းဒေသကြီးအတွင်း  စပါးသီးနှံအပါအဝင် သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေး  ဆောင်ရွက်ရာ တွင်   မြေဧရိယာ တိုးချဲ့စိုက်ပျိုးခြင်းထက်    ပိုမို လက်တွေ့ကျသည့် တစ်ဧကအထွက် နှုန်း တိုးတက်ရေး၊   သီးထပ်စွမ်းအားနှင့်       သီးနှံစိုက်စွမ်းအား       တိုးတက်ရေးကို      အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း   စပါးအများဆုံး စိုက်ပျိုးသည့်        မိုးရာသီတွင်    မိုးစပါး    စုစုပေါင်းစိုက် ဧက ၂၆ ဒသမ ၉၈  သိန်း ကျော် စိုက်ပျိုးခဲ့ရာ ဧက ၁၂ ဒသမ ၇၅ သိန်း စိုက်ပျိုးဧရိယာ၏ ၄၃ ဒသမ ၂၃ ရာခိုင်နှုန်း ကျော်သည် ပန်းတိုင်အထွက်နှုန်းရရှိထား ခဲ့ပြီးဖြစ်ကြောင်း၊   ယခုလာမည့် ၂၀၂၄-၂၀၂၅ ခုနှစ် ရေတော်မိုးတော် မိုးစပါးစိုက် ဧကများမှ  ပန်းတိုင်အထွက်နှုန်း    ၁၇ ဒသမ ၆  သိန်းကျော်  တိုးတက်ရရှိနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသဖြင့် ယခု လို     စိုက်နည်းစနစ်များ ပြောင်းလဲနိုင်ရေး        လက်ဆွဲကောက်စိုက်စက်များ ဖြန့်ဝေပေး ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က  ပဲခူးတိုင်းဒေသကြီး   (အရှေ့ခြမ်း)ရှိ  ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ ညောင်လေးပင်ခရိုင်    အုပ်ချုပ်ရေးမှူး         ဦးအောင်ကျော်စိုးနှင့်     တောင်ငူခရိုင်     အုပ်ချုပ်ရေးမှူး    ဦးသိန်းဇော်တို့ထံသို့     လက်ဆွဲ ကောက်စိုက်စက်     ၅၂    စီးကို လွှဲပြောင်းပေးအပ်သည်။
ယင်းနောက်     ပဲခူးတိုင်းဒေသကြီး     စိုက်ပျိုးရေးဦးစီးမှူးက        လက်ဆွဲ ကောက်စိုက်စက်    အသုံးပြုစိုက်ပျိုးရာ တွင်    လိုအပ်သည့် ပျိုးထောင်နည်းစနစ်၊    တမန်းပြုပြင်ခြင်း၊     ရေသွင်း/ရေထုတ် မှန်ကန်စွာ           ဆောင်ရွက်သွားရမည့် သိကောင်းစရာများကို   လည်းကောင်း၊     လက်ဆွဲကောက်စိုက်စက်   ထုတ်လုပ် သည့်  Agro Future Mynamar Co., Ltd မှ    တာဝန်ခံ      ဦးသိန်းထိုက်လင်းက    လက်ဆွဲကောက်စိုက်စက်   အသုံးပြုခြင်း ၏     ရရှိနိုင်သည့်   အကျိုးကျေးဇူးများကို  ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဒေသခံပြည်သူများနှင့် အတူ     လက်ဆွဲကောက်စိုက်စက်များနှင့် Agro Future Mynamar Co., Ltd မှထပ်မံ ထုတ်လုပ်ထားသည့်      ဆေးဖျန်းစက်  (Boom Sprayer)နှင့်   ဘက်စုံသုံးမျိုးစေ့ ချစက်များကို                လှည့်လည်ကြည့်ရှု သည်။  

တိုင်းဒေသကြီး(ပြန်/ဆက်)