
နေပြည်တော် ဇူလိုင် ၉
နေပြည်တော် ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့၏ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ဥတ္တရသီရိ မြို့နယ်ရှိ ချောင်းမကြီးဆည်၊ သပြေစမ်းဆည်၊ မြောက်ပိန်းဆည် နှင့် တောင်ပိန်းဆည်တို့၏ ရေဝေ ရေလဲဧရိယာဖြစ်သော ဖိုးဇောင်း တောင်ပေါ်၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ နေပြည် တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ များ၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင် သာယာရေး ကော်မတီတို့မှ ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြ သည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး က မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် မဟော်ဂနီ ပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော် ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့မှ ဌာနဆိုင်ရာ အကြီးအကဲများက သတ်မှတ် နေရာများတွင် သစ်ပင်ပန်းပင်များ ကို စိုက်ပျိုးပေးကြသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ စုပေါင်း ၍ ကုက္ကို၊ ဧကရာဇ်၊ ကျွန်း၊ သစ်ပိတောက်၊ ယင်းမာ၊ မန်ဂျန် ရှားနှင့် မန်ကျည်း စုစုပေါင်းအပင် ၂၀၀၀ စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော် အားကစားနှင့် ကာယပညာ ကော်မတီနာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်း(၁) ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၀ အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရာက်ပြီး ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲအပြီးတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယ မြို့တော်ဝန်နှင့် နေပြည်တော်ကောင်စီဝင်များက အမျိုးသမီး မီတာ ၁၀၀ အပြေး ပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး လေးယောက်တွဲ မီတာ ၁၀၀ လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲနှင့် အမျိုးသား လေးယောက် တွဲ မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့တွင် ဆုရရှိသည့် အားကစားသမားများကို တစ်ဦး ချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နေပြည်တော် အားကစားနှင့် ကာယပညာ ကော်မတီ နာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက အမျိုးသမီး တံခွန်စိုက်ဆုရရှိသည့် ဒက္ခိဏသီရိ မြို့နယ် အသင်း၊ အမျိုးသား တံခွန်စိုက်ဆုရရှိသည့် ပုဗ္ဗသီရိ မြို့နယ်အသင်းနှင့် စုပေါင်းတံခွန် စိုက်ဆုရရှိသည့် ပုဗ္ဗသီရိမြို့နယ် အသင်းတို့ကို တံခွန်စိုက်ဖလား များကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နေပြည်တော် ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနား ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး၌ကျင်းပသည့် နေပြည်တော် အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက် ရောက်ပြီး နေပြည်တော်အတွင်း အခြေခံ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဆန် များဝယ်ယူ စားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် အထိုင်ရောင်းချခြင်း၊ Mobile ရောင်းချခြင်းစနစ်ဖြင့် ဆန်များကို နေ့စဉ် ရောင်းချပေးလျက်ရှိ ကြောင်း၊ နေပြည်တော်အတွင်းရှိ ဆန်လုပ်ငန်းရှင်များ၊ ဆန်စက် ပိုင်ရှင်များ၊ ဆန်ဆိုင်များအနေ ဖြင့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချစေရေး ကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း စားသုံးဆီဖူလုံစေရေးနှင့် ဆီစက် လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက်လျက်ရှိ ကြောင်း၊ စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေး၊ နိုင်ငံတော်အတွက် ရသင့် ရထိုက်သော အခွန်အခများကို ပြည့်ဝစွာ ထမ်းဆောင်နိုင်ရေးတို့ကို ဝိုင်းဝန်းပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နေပြည်တော် ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီအတွင်းရေးမှူး စားသုံး သူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး နှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက နေပြည်တော် အတွင်း ကုန်ဈေးနှုန်းတည်ငြိမ် စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြ ရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက တင်ပြချက် များနှင့်စပ်လျဉ်း၍ လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်