
ညောင်ဦး ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့၌ ဧရာဝတီမြစ်ရေမြင့်တက် မှုကြောင့် ရေဝင်ရောက်သည့် ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက် သီလရင်စုရပ်ရှိ ရေဘေးသင့် အိမ်ထောင်စုများအား အန္တရာယ် ကင်းဝေးစေရန်နှင့် စိတ်အေး ချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဇူလိုင် ၉ ရက် နံနက် ၁၀ နာရီခွဲက ညောင်ဦးမြို့နယ် မီးသတ်ဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သော ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များက ချက်ချင်း သွားရောက်ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးသည်။
ထိုသို့ ရေဘေးသင့် အိမ် ထောင်စုများအား ဘေးလွတ်ရာ သို့ ကူညီရွှေ့ပြောင်းပေးရာတွင် ညောင်ဦးမြို့နယ် မီးသတ်ဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သော ရှာဖွေကယ်ဆယ် ရေး တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့ အမှတ်(၅)အရန် မီးသတ်တပ်ဖွဲ့ ဝင်များနှင့်အတူ ညောင်ဦးမြို့ အမှတ်(၅) ရပ်ကွက် သီလရင် စုရပ်ရှိ ရေဘေးသင့်အိမ်ထောင်စု ငါးစုအား အဆိုပါရပ်ကွက်ရှိ ရေဘေးလွတ်ရာ မြသိန်းတန် ဓမ္မာရုံသို့ စနစ်တကျ ကူညီ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရ သည်။
ရဲဝင်းနိုင် (ညောင်ဦး)