ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မိဘရိပ် သစ်ဆိုင်အတွင်းသို့ဝင်ရောက်၍ ရွှေထည်ပစ္စည်းများ၊ ငွေသားများယူဆောင်၍ မော်တော်ယာဉ်များ မီးရှို့ဖျက်ဆီးခဲ့သူများကို ပြစ်ဒဏ်အသီးသီးချမှတ်

 

နေပြည်တော် ဇူလိုင်  ၂


ရန်ကုန်တိုင်းဒေသကြီး     ဒဂုံ မြို့သစ်(တောင်ပိုင်း)   မြို့နယ်၊ (၂၀/က)ရပ်ကွက်    လှော်ကား လမ်းမကြီးပေါ်ရှိ မိဘရိပ် သစ်ဆိုင် အတွင်းသို့  မတ်   ၂၇ရက်က မျိုးသိန်းထွန်း(ဘ)  ဦးကျော်ထွန်း အပါအဝင်  ၃၂ ဦးတို့က    ဝင် ရောက်၍  ဆိုင်အတွင်း တပ်ဆင် ထားသော CCTV ကင်မရာများနှင့် ခြံတံခါးများကို ဖျက်ဆီးပြီး ရုံးခန်း အတွင်းမှ  Iphone 12 Promax (၂)လုံး၊ Pad 12 (၁)လုံး၊ ငွေကျပ် သိန်း၁၅၀၊ CCTV မှတ်တမ်း Box၊ ရွှေတုံး/ ရွှေထည်ပစ္စည်းမျိုးစုံ (၁)ပိဿာ(၂၀)ကျပ်သား၊ ဘဏ်စာ အုပ်(၃)အုပ်တို့ကိုလည်းကောင်း၊ အိမ်တွင်   တပ်ဆင်ထားသော TV (၆)လုံးနှင့် Felling-125 ဆိုင် ကယ်(၁)စီး တို့ကိုလည်းကောင်း စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၄၁၆၁သိန်းခန့်တို့ကို လုယက်ခဲ့ခြင်းနှင့်     ဆိုင်အတွင်း ရပ်ထားသည့်   မော်တော်ယာဉ် နှစ်စီးတို့ကို  ရိုက်ချိုးဖျက်ဆီး၍  လမ်းမပေါ်တွင်    မီးရှို့ခဲ့ကြခြင်း တို့ကို   ကျူးလွန်ခဲ့သည့်အတွက်  စစ်အုပ်ချုပ်ရေး  (Martial Law) စစ်ခုံရုံးဖွဲ့၍     စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   ရာဇသတ်ကြီး  ပုဒ်မ -၃၉၅နှင့် ရာဇသတ်ကြီး ပုဒ်မ-၄၃၅ တို့အရ ၎င်းတို့အား   ဇူလိုင် ၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို  ချမှတ်လိုက်သည်။


အဆိုပါ  ပြစ်ဒဏ်ချမှတ်ခံရသူ များအနက် အောင်ကိုဦး၊ ကျော်ကို ထက်၊    ထင်ကျော်(ခ)  ဖက်တီး၊ ငထွန်း၊   ဟိန်းကို၊ ရဲကို၊ မတင် ထွေးရီ၊ ကိုဇင်(ခ)ကြွက်ကုလား၊ ဦးဘို၊ ကျားဘန်းနူး၊ မွတ်နား(ခ)မုနား၊ ငတေ၊ အရှည်ကြီး၊ ဆီနီဂေါ၊ ဝင်းနိုင်၊ နေလင်းဦး၊ အသေးလေး၊ ဝေယံ၊ မဲကြီး၊ သူရအောင်၊ ထိန် လင်းအောင်၊ ကုလား၊ လွင်မိုးဦး၊ နိုင်လေး(ခ)နိုင်လင်းနှင့် ဒေါ်လေး လေးတို့သည်  ထွက်ပြေးလွတ် မြောက်နေသဖြင့်     ၎င်းတို့နှင့် စပ်လျဉ်း၍  ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ  ဖမ်း ဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ် ခဲ့ကြောင်း သတင်းရရှိသည်။

 


သတင်းစဉ်