ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုများအား သတင်းထုတ်ပြန်ခြင်း

 

(၁၀-၇-၂၀၂၄)၊ ည (၈:၀၀)နာရီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ      မြို့နယ်အချို့တွင်  ဝမ်းပျက်ဝမ်းလျှောရောဂါ    လက္ခဏာများဖြင့်    လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီး ဌာန၏  အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့်   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏    ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့်    ကွင်းဆင်း အဖွဲ့များသည်     ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အား   ဆောင်ရွက်လျက်ရှိရာ   (၉-၇-၂၀၂၄)   ရက်နေ့၊  ညနေ (၆:၀၀)  နာရီမှ  (၁၀-၇-၂၀၂၄)  ရက်နေ့၊  ညနေ (၆:၀၀) နာရီ အထိ  (၂၄) နာရီအတွင်း    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   ဆေးရုံများတွင်       ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့်       ဆေးရုံ တက်ရောက်ကုသသူ လူနာသစ် (၁၁၅) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၂၂)  ဦးမှာ   ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ   ဖြစ်ပွားသူ လူနာများဖြစ်ကြောင်းနှင့်  လူနာအားလုံး၏  အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း        တွေ့ရှိရပါသည်။ (၁၀-၇-၂၀၂၄) ရက်နေ့တွင် ရောဂါသက်သာပျောက်ကင်းသည့် လူနာ (၈၇)ဦးအားဆေးရုံမှဆင်းခွင့်ပြုခဲ့သဖြင့် (၁၀-၇-၂၀၂၄)ရက်နေ့၊ ညနေ (၆:၀၀)နာရီအထိ  ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြင့်      ဆေးရုံတက်ရောက်ခဲ့သောလူနာစုစုပေါင်း       (၂၁၇) ဦးအား  ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း     ဝမ်းပျက်ဝမ်းလျှောရောဂါ   ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား      ဆက်လက်အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။
  ကျန်းမာရေးဝန်ကြီးဌာန