
ရန်ကုန် ဇူလိုင် ၁၀
ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့ ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ပညာရေးကောင်းမွန်မှ သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကောင်းမွန်ရန် သင်တန်း သား သင်တန်းသူများသည် အဓိကနေရာမှ ပါဝင်ဆောင်ရွက် ကြရမည့် ဆရာ ဆရာမလောင်း များ ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို လိမ္မာယဉ်ကျေး ပြီး နိုင်ငံတော်ကို ချစ်စိတ်၊ မျိုးချစ် စိတ်ဓာတ် အပြည့်ရှိရန်နှင့် ယဉ်ကျေးမှုဓလေ့များကို တန်ဖိုး ထားတတ်စေရန် သင်ကြားပေးရ မည်ဖြစ်ကြောင်း၊ ဆရာ ဆရာမ အလုပ်သည် စေတနာပရဟိတ အလုပ်ဖြစ်သည့်အတွက် စေတနာ ထားပြီး သင်ကြားပေးစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ် ဂုန်နီကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း သို့ ရောက်ရှိကြပြီး ကျောင်းသား ကျောင်းသူများ စာသင်ခန်း အတွင်း အေးချမ်းစွာ ပညာ သင်ကြားနေမှုကို လှည့်လည် ကြည့်ရှုကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အတွက် ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန် ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ် သိလ္လာကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း၊ ရေတွင်းရေကန်ကျေးရွာ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းတို့သို့ ရောက်ရှိကြ ပြီး ကျောင်းဥပဓိရုပ် ကောင်းမွန် ရေး ဆောင်ရွက်ထားမှု အခြေ အနေများ၊ ကျောင်းသား ကျောင်း သူများ အေးချမ်းစွာ ပညာသင်ကြား နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးပြီး KG တန်း၊ မူလတန်းနှင့် အလယ် တန်း ကျောင်းသား ကျောင်းသူ များအတွက် ကျောပိုးလွယ်အိတ် များ၊ ဗလာစာအုပ်များ၊ ကျောင်း သုံး စာရေးကိရိယာများ ပေးအပ် သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မြောင်းမြမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ၌ မြောင်းမြမြို့ရှိ မြို့နယ်ပညာရေးမှူး၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း အုပ်ကြီးများနှင့် တွေ့ဆုံကာ ကျောင်းအုပ်ကြီးများ အနေဖြင့် ကျောင်းဆောင်များ ဆောက်လုပ် ခြင်းနှင့် ပြုပြင်မွမ်းမံရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရန် စနစ် တကျ ကြီးကြပ်ရေး၊ ကျောင်းများ ၌ ရေသန့်စက်နှင့် ရေလုံလောက် မှုရှိစေရေး၊ သန့်စင်ခန်းများ လုံလောက်မှုရှိစေရေး၊ ကျောင်း ပတ်ဝန်းကျင်လုံခြုံစေရန် ခြံစည်း ရိုးများ စနစ်တကျ ကာရံရေးတို့ကို မှာကြားကာ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့ ဘုရားချောင်း အခြေခံပညာ မူလတန်း (လွန်)ကျောင်းသို့ ရောက်ရှိပြီး ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး ဆောင် ရွက်ထားမှု အခြေအနေနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကို ကြည့်ရှုအားပေး၍ KG တန်း ကျောင်းသား ကျောင်းသူများ အတွက် ကျောပိုးလွယ်အိတ်များ ပေးအပ်သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ ပညာရေးဒီဂရီကောလိပ်၊ ပုသိမ်မြို့ အခြေခံပညာအထက် တန်းကျောင်း(ခွဲ) မြက်တို၊ အမှတ် (၉)အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းတို့သို့ ရောက်ရှိကြပြီး ကျောင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ ကျောင်းဥပဓိ ရုပ်များကောင်းမွန်ရေး၊ ကျောင်း ဝင်းအတွင်း စိမ်းလန်းစိုပြည်ရေး နှင့် သန့်ရှင်းသာယာရေး၊ ကျောင်း တွင်း မုန့်ဆိုင်တန်းများ သန့်ရှင်း သပ်ရပ်ရေး ကိစ္စရပ်များကို မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်