လယ်ကွင်းအတွင်းတွေ့ရှိသော မိကျောင်းအားဖမ်းဆီး၍ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ပြန်လည်လွှတ်နိုင်ရန် စီစဉ်ဆောင်ရွက်

ဘိုကလေး   ဇူလိုင်   ၁၀
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ နယ်၏ တောင်ဘက် ခြောက်မိုင်အကွာတွင် ရှိသော ပိုက်စလကျေးရွာအုပ်စုရှိ လယ် ကွင်းအတွင်း၌       မိကျောင်းတစ်ကောင် ဝင်ရောက်နေသည်ကို ဇူလိုင် ၉ ရက်တွင် တွေ့ရှိသဖြင့် ကျေးရွာတာဝန်ရှိသူများက မြို့နယ်၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်      ထိန်းသိမ်းရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့ရာ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး     ဦးစီး ဌာန  မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိုင်းဝဏ္ဏ ကြည်နှင့်    ဝန်ထမ်းများ   သွားရောက်၍ ဒေသခံများနှင့်  ပူးပေါင်းကာ လယ်ကွင်း အတွင်း    တွေ့ရှိသော     မိကျောင်းကို တုပ်နှောင်ဖမ်းဆီး၍    မြို့နယ်   သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဦးစီးဌာနသို့    ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခဲ့သော မိကျောင်းမှာ အသက် (၂၇)    နှစ်အရွယ်   အရှည်   ၁၀  ပေရှိ မိကျောင်းအမဖြစ်ပြီး    ယခုအချိန်ကာလ သည် မိကျောင်းများ အသိုက်ပြုလုပ်တတ် သည့် အချိန်ဖြစ်သောကြောင့် ပိုက်စလ ကျေးရွာရှိ လယ်ကွင်းအတွင်း၌ အသိုက် ပြုလုပ်ရန် တက်ရောက်ခိုနားခြင်း ဖြစ်နိုင် ကြောင်းနှင့် ယင်းမိကျောင်းကို တာဝန် ရှိသူများက    ဒီရေထချိန်သို့      စောင့်၍ မိကျောင်းများကျင်လည်ရာ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်            ဘေးမဲ့တောသို့     ပြန်လွှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။               မိုးစက်(ဘိုကလေး)