
နေပြည်တော် ဇူလိုင် ၁၀
ပညာရေးဝန်ကြီးဌာန ဆရာ အတတ်ပညာဦးစီးဌာန၊ ပညာရေး ဒီဂရီကောလိပ်ဆရာ ဆရာမများ၊ သုတေသနဆိုင်ရာ အရည်အသွေး မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည် တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဆရာအတတ် ပညာဦးစီးဌာနှင့် ပညာရေးဒီဂရီ ကောလိပ်များမှ ဆရာ ဆရာမများ နှင့် သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့် က ဆရာအတတ်ပညာဦးစီးဌာန အနေဖြင့် ပညာရေးဒီဂရီကောလိပ် များမှ ဆရာ ဆရာမများအတွက် အရည်အသွေးမြှင့်မွမ်းမံသင်တန်း များကို စဉ်ဆက်မပြတ် ဖွင့်လှစ် ပို့ချလျက်ရှိရာ ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလတွင် သုတေသနဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းကို ပထမအကြိမ် ဖွင့်လှစ်ပို့ချခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါကြောင်း၊ ဆရာ ဆရာမ အရည်အသွေးမြှင့်တင်ရာ တွင် သုတေသနဆိုင်ရာ အရည် အသွေးမြှင့်တင်ရေးသည် အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း၊ သုတေသနသည် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အသက် သွေးကြောဖြစ်သည့် အတွက် ဆရာ ဆရာမများအနေဖြင့် မဖြစ် မနေ သုတေသနများဆောင်ရွက် ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး များသည် သင်တန်းတက်ရောက် လာသည့် သင်တန်းသားသင်တန်း သူများကို ရင်းရင်းနှီးနှီး အားပေး နှုတ်ဆက်သည်။
ဖွင့်ပွဲအပြီးတွင် ပညာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက သုတေသန နည်းစနစ် (Research Metho-dology) ခေါင်းစဉ်ဖြင့် ပို့ချ သင်ကြားခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းကို ဇူလိုင် ၁၀ ရက်မှ ၁၄ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်