
နေပြည်တော် ဇူလိုင် ၁၀
အမျိုးသားအဆင့်အရည်အသွေး ဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်းကဏ္ဍရှိ အစိုးရ၊ ပုဂ္ဂလိက အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များဖြစ်သည့် အရည် အသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့များ (Certification Bodies)၊ စမ်းသပ်ဓာတ်ခွဲခန်းများ၊ စံဖြင့် တိုက်ကြည့်စစ်ဆေးခြင်း ဓာတ်ခွဲခန်းများ (Calibration Labora-tories)၊ အရည်အသွေး စုံစမ်းစစ်ဆေးရေးအဖွဲ့များ (In-spection Bodies) မှ သတ်မှတ် ထားသော စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်နိုင်ရန်နှင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသ ဆိုင်ရာအဖွဲ့အစည်းများ၏ အပြန် အလှန် အသိအမှတ်ပြု အစီအစဉ် များတွင် လိုက်ပါဆောင်ရွက် နိုင်ရေးအတွက် အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေးအဖွဲ့ မှတ်ပုံ တင်ခြင်းနှင့် ထောက်ခံချက်ပြု ခြင်းလုပ်ငန်းစဉ်များ ဆိုင်ရာ အစည်းအဝေး (Meeting on Registration and Designation Procedures for Conformity Assessment Bo-dies-CABs) ကို ယနေ့ နံနက်ပိုင်းတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဆက်စပ်ဝန်ကြီး ဌာနများမှ ဒုတိယဝန်ကြီးများ၊ အမျိုးသားစံချိန်စံညွှန်းကောင်စီ အဖွဲ့ဝင်များ၊ စံချိန်စံညွှန်းရေးဆွဲ ရေး နည်းပညာဆပ်ကော်မတီ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အရည် အသွေးထောက်ခံချက်ထုတ်ပေး သော အစိုးရ-ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ မြန်မာအစား အသောက် ဓာတ်ခွဲခန်းများ ကွန်ရက်အဖွဲ့ဝင် ဓာတ်ခွဲခန်း ကိုယ်စားလှယ်များ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများရှိ အရည် အသွေး ထောက်ခံချက်ပေးရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က အဖွင့်အမှာ စကားပြောကြားပြီး အရည်အသွေး ကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များ မှတ်ပုံတင်ခြင်း (Registration)၊ ထောက်ခံချက်ပြုခြင်း (Desi-gnation) လုပ်ငန်းစဉ်များနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့် ကြော်ငြာစာ(မူကြမ်း)တို့ကို ချမှတ် ဆောင်ရွက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေးကြ မည်ဖြစ်ကြောင်းနှင့် အရည် အသွေးကိုက်ညီမှု စစ်ဆေးရေး အဖွဲ့များအား နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများဖြင့် အပြန် အလှန် အသိအမှတ်ပြုခြင်းများ (Mutual Recognized Arran-gement) ရရှိရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ သတင်းစဉ်