
နေပြည်တော် ဇူလိုင် ၁၀
အာဆီယံဒေသတွင်း ခရီးသွား လုပ်ငန်းများ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား နိုင်ငံနှင့် အိန္ဒိယနိုင်ငံများ၏ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်အဆင့် ကိုယ်စားလှယ်များ ဦးဆောင် ပါဝင်သော အာဆီယံခရီးသွား လုပ်ငန်း အာဏာပိုင်အဖွဲ့အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေး များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ က တစ်နှစ်လျှင် (၂)ကြိမ် အလှည့် ကျ ကျင်းပပြုလုပ်လျက်ရှိသည်။
အကြိမ်(၆၀)မြောက် အာဆီယံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေး၊ (၄၅)ကြိမ်မြောက် အာဆီယံ + တရုတ်၊ ဂျပန်၊ ကိုရီး ယားခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့အစည်းအဝေး၊ (၃၂) ကြိမ် မြောက် အာဆီယံ + အိန္ဒိယ ခရီး သွားလုပ်ငန်းအဖွဲ့အစည်းအဝေး တို့ကို ဇူလိုင် ၁၀ ရက်မှ ၁၁ ရက် အထိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Video Conferencing စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အဆိုပါ အစည်းအဝေးများ၏ ဖွင့်ပွဲအခမ်း အနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးများ သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုး ဇော်စိုးနှင့် ဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ခရီးသည်ဝင်ရောက်မှု
ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ တွင် ကိုဗစ်အလွန်ကာလ ခရီးသွား လုပ်ငန်းများ ပြန်လည်ဦးမော့လာ ရေးနှင့် အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် အာဆီယံနှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပြင် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံ များ၏ ပံ့ပိုးကူညီမှု၊ အပြန်အလှန် ပူးပေါင်းဖလှယ်မှုနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု များတွင် ဆောင်ရွက်ခဲ့မှုများကို လည်း အသိအမှတ်ပြုပါကြောင်း၊ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအချက်အလက် များအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွားဧည့်သည် ၁ ဒသမ ၂၈ သန်း လာရောက်ခဲ့ပါ ကြောင်း၊ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ် ပါက လေးဆခွဲ တိုးတက်ဝင်ရောက် ခဲ့ပါကြောင်း၊ ခရီးသွားဧည့်သည် ဝင်ရောက်မှု အများဆုံးနိုင်ငံများ အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် မိတ်ဖက်နိုင်ငံများဖြစ် သော တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံတို့ဖြစ်သည်ကို တွေ့ရှိရပါ ကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန်လအထိ နိုင်ငံတကာ ခရီးသွားဧည့်သည် ၀ ဒသမ ၆ သန်း ဝင်ရောက်ခဲ့ပါ ကြောင်း၊ ၂၀၂၃ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်း တိုးတက်ရောက်ရှိခဲ့ပါ ကြောင်း၊ အဓိကအားဖြင့် တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွား ဧည့်သည် ဝင်ရောက်မှုအများဆုံးဖြစ်ပါကြောင်း။
ခရီးသွားလုပ်ငန်းမြှင့်တင်
အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၅ နှင့် ဆက်စပ်ပူးပေါင်း ဆောင်ရွက်မှု မူဘောင်များအရ အာဆီယံဒေသတွင်း ခရီးသွား လုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့သည့် ခရီးသွား လုပ်ငန်းနှင့် ပူးပေါင်းဈေးကွက် မြှင့်တင်ခြင်းများကို တိုးမြှင့် ဆောင်ရွက်စေလိုပါကြောင်း၊ ၂၀၂၅ အလွန် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာရေးဆွဲရေး စီမံကိန်း ကို အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူ အညီဖြင့် ဖိလစ်ပိုင်နိုင်ငံမှ ဦးဆောင် ရေးဆွဲဆောင်ရွက်နေခြင်းအပေါ် ကျေးဇူး တင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အာဆီယံခရီးသွား လုပ်ငန်းတိုးတက်မှုများကို မြှင့်တင် ရာတွင် ကူညီထည့်ဝင် ပံ့ပိုးပေးခဲ့ သည့် အတွေ့အကြုံကောင်းများ နှင့် ကျွမ်းကျင်မှုများအတွက် ပါဝင်သက်ဆိုင်သူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခု အစည်းအဝေးများမှ တစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူဖြစ်စေ မည့် ခရီးသွားလုပ်ငန်းများအဖြစ် ပုံဖော်ပေးနိုင်မည့် အသွင် ကူးပြောင်းရေးဆိုင်ရာ ရလဒ်များ ထွက်ပေါ်လာမယ်လို့ ယုံကြည် ပါကြောင်း တိုက်တွန်းဆွေးနွေး ပြောကြားသည်။
တက်ရောက်
ထို့နောက် အစည်းအဝေး များကို ဆက်လက်ကျင်းပရာ မလေးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်က အကြိမ်(၆၀) မြောက် အာဆီယံ ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ အစည်းအဝေး ဥက္ကဋ္ဌအဖြစ်လည်း ကောင်း၊ မြန်မာနိုင်ငံမှ ခရီးသွား လုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်ကျော်က ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့ပြီး အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွား လုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက် တွင် (၄၅) ကြိမ်မြောက် အာဆီယံ+ ၃ (တရုတ်၊ ဂျပန်၊ ကိုရီးယား) ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အစည်းအဝေးကို မလေးရှားနိုင်ငံ နှင့် ကိုရီးယားနိုင်ငံတို့မှ ပူးတွဲ အစည်းအဝေးဥက္ကဋ္ဌများအဖြစ် လည်းကောင်း၊ (၃၂)ကြိမ်မြောက် အာဆီယံ + အိန္ဒိယ ခရီးသွား လုပ်ငန်းအဖွဲ့ အစည်းအဝေးကို မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့မှ ပူးတွဲ အစည်းအဝေးဥက္ကဋ္ဌ များအဖြစ် လည်းကောင်း ဆောင်ရွက်၍ ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး အဆိုပါအစည်း အဝေးများသို့ တရုတ်နိုင်ငံ၊ ဂျပန် နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့မှ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့များမှ ကိုယ်စား လှယ်များ၊ အာဆီယံ - တရုတ် စင်တာ၊ အာဆီယံ-ဂျပန်စင်တာ နှင့် အာဆီယံ-ကိုရီးယား စင်တာ တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်