
နေပြည်တော် ဇူလိုင် ၁၀
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းသည် ကုသရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူးတို့နှင့်အတူ ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံ-ပန်းတနော်မြို့သို့ ရောက်ရှိပြီး ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှုများနှင့် ဆေးရုံအဆောက်အဦများ၏ အခြေ အနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် ခုတင်-၁၀၀ ဆံ့ ပြည်သူ့ ဆေးရုံ - ကျောင်းကုန်းမြို့သို့ ရောက်ရှိပြီး အရေးပေါ်လူနာဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ အတွင်းလူနာဆောင်များ၊ ခွဲစိတ်ခန်း၊ ဆေးသိုလှောင်ခန်း၊ ကာကွယ်ဆေး သိုလှောင်ခန်း တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ် ချက်များကို ညှိနှိုင်းဖြည့်ဆည်း ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်သူ့ ဆေးရုံ-အိမ်မဲမြို့ နှစ်ထပ် ကုသ ဆောင်သစ်နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံး ဖွင့်ပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင် မောင်ဝင်းနှင့်အတူ တက်ရောက် ၍ အဆောက်အဦသစ်များကို ဖွင့်လှစ်ပေးပြီး ပြည်သူ့ဆေးရုံ-ဓနုဖြူမြို့သို့ သွားရောက်၍ ဆေးကုသဆောင်များ၊ ခွဲစိတ်ခန်း များ၊ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ဇူလိုင် ၈ ရက်က ဓနုဖြူမြို့နယ် ကျောင်းစု တိုက်နယ်ဆေးရုံ၊ ကျောင်းစု ကျေးလက်ကျန်းမာရေး ဌာန၊ ငါးဘတ်အိုင် ကျေးလက် ကျန်းမာရေးဌာနခွဲ၊ ဇလွန် ပြည်သူ့ ဆေးရုံ၊ ပြည်သူ့ဆေးရုံကြီး-ဟင်္သာတမြို့၊ ဟင်္သာတမြို့နယ် ရှားခဲတိုက်နယ်ဆေးရုံ၊ နိဗ္ဗာန် တိုက်နယ်ဆေးရုံ၊ ဒူးယား တိုက်နယ်ဆေးရုံနှင့် ပျဉ်းမကုန်းကျေးလက်ကျန်းမာရေးဌာနတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စွမ်းအားပြည့် ဆောင်ရွက်နိုင်ရေး၊ လူနာဘေးကင်း လုံခြုံမှု အလေးထားဆောင်ရွက် ရေး၊ ဌာနအဆောက်အဦများ ဥပဓိ ရုပ်ကောင်းမွန်စေရေး၊ ဆေးနှင့် ဆေးပစ္စည်းများ စနစ်တကျ စီမံ ခန့်ခွဲအသုံးပြုရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်ချက် များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်