
နေပြည်တော် ဇူလိုင် ၁၀
ပြည်သူ့စစ်မှုထမ်း သင်တန်း ပြီးစီးခဲ့သည့် သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းများအနေဖြင့် သင်တန်းခေါ်ယူစဉ်က နှစ်နှစ် တာဝန် ထမ်းဆောင်ရမည်ဟု ခေါ်ယူထားသော်လည်းလက်တွေ့ တွင် ငါးနှစ်တာဝန်ထမ်းဆောင်ရန် အတင်းအကျပ် လက်မှတ်ရေးထိုး ခိုင်းကြောင်း ပြည်သူအများ စိုးရိမ်စေရန် တရားမဝင် ပြည်ဖျက် မီဒီယာများမှ မဟုတ်မမှန်သွေးထိုး လှုံ့ဆော် ဝါဒဖြန့်ဝေရေးသား လျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှုမရှိ ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်း၍ နိုင်ငံပိုင်မီဒီ ယာများ၊ လှုမှုကွန်ရက်များနှင့် Mobile ဖုန်းများသို့ SMS(စာတို ပေးပို့ ခြင်း) ဝန်ဆောင်မှုများဖြင့် အများပြည်သူထံသို့ ပေးပို့အသိ ပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ သာ တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။
သို့ရာတွင် တရားမဝင် ပြည်ဖျက်မီဒီယာများနှင့် အကြမ်း ဖက် အဖွဲ့အစည်းများသည် လူငယ်၊ လူရွယ်များ လမ်းမှား ရောက်စေရန်အတွက် အချိန်ကိုက် သွေးထိုးလှုံ့ဆော် ဝါဒဖြန့် ထုတ်လွှင့် လျက်ရှိပြီး လုပ်ကြံဖန်တီးထား သည့် သတင်းများ၊ ကောလာဟလ သတင်းများကို အချိန်ကိုက် ဝါဒဖြန့်ချိလျက်ရှိရာ အခြေအမြစ် မရှိသည့် သတင်းအမှားများ ကြောင့် စိုးရိမ်ပူပန်မှု၊ အသိအမြင် လွှဲမှားမှုများ မဖြစ်ပေါ်စေရန် မိဘ ပြည်သူများအနေဖြင့် စစ်မှုထမ်း ဆိုင်ရာ သတင်းများသိရှိနိုင်စေရေး နိုင်ငံပိုင်မီဒီယာများ၊ စစ်မှုထမ်း ဆိုင်ရာ အသိပညာပေး သတင်း များ၊ ထုတ်လွှင့်ချက်များနှင့် https://mod.gov.mm/node/74 တို့တွင် စဉ်ဆက်မပြတ် ထုတ်လွှင့် အသိပေးလျက်ရှိပြီး သိရှိလိုသည် များ၊ မရှင်းလင်းသည့် အကြောင်း အရာများနှင့်ပတ်သက်၍ ပြည်သူ့ စစ်မှုထမ်းဗဟိုအဆင့်၊ တိုင်းဒေသ ကြီးအဆင့်၊ ပြည်နယ်များအဆင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့များ၏ ဆက်သွယ်ရန် ဖုန်း နံပါတ်များသို့ ရုံးချိန်များအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်