
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်း ရှိ ကျေးရွာများဖြစ်သော ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကံရိုး ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းကို စိုက်ပျိုးကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပဲတီစိမ်းများ ဈေးကွက်အတွင်းဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇူလိုင်လ ပထမပတ်အတွင်း အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ ပဲတီစိမ်း(ထွက်တိုး) တစ်တင်းလျှင် ကျပ် ၅၈၀၀၀၊ ပဲတီစိမ်း(ထွက်တိုး) အလုံးလှတစ်တင်းလျှင် ကျပ် ၆၁၀၀၀ ဖြစ်ပြီး ပဲတီစိမ်းမှာ အလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် ပဲတီစိမ်းဈေးနှုန်းသည် ယခင်နှစ်ထက် ပိုမိုကောင်းမွန်၍ အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ပဲတီစိမ်းစိုက်တောင်သူများအနေဖြင့် ထိုက်သင့် သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
DOCA (စစ်ကိုင်း)