ကုန်သွယ်ရေးပုံစံအသစ် စနစ်အသစ်ဖြင့် ရန်ကုန် - ကော့သောင်း - ရနောင်းသို့ ကွန်တိန်နာသင်္ဘောဖြင့် ကုန်သွယ်မှုစတင်ပြုလုပ်

ကော့သောင်း ဇူလိုင် ၁၀


နယ်စပ်ကုန်သွယ်ရေးပုံစံအသစ်   စနစ်   အသစ်ဖြင့်   ရန်ကုန် - ကော့သောင်း - ရနောင်းသို့     ကွန်တိန်နာသင်္ဘောဖြင့် ကုန်သွယ်မှု    စတင်ပြုလုပ်နေပြီဖြစ်ရာ ဇူလိုင် ၈ ရက်က တနင်္သာရီတိုင်းဒေသ ကြီး    ကော့သောင်းမြို့သို့      ဆိုက်ကပ်ခဲ့ ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အလုံဆိပ်ကမ်း မှ    ထွက်ခွာလာသော    ကွန်တိန်နာ သင်္ဘောကြီးမှာ   ဇူလိုင်   ၈   ရက်က    တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့ဆိပ်ကမ်းသို့  ဆိုက်ကပ် Check Point  ပြခဲ့ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကုန်စည် ပို့ဆောင်ရန်    ဆက်လက်ထွက်ခွာသွားခဲ့ ကြောင်း တာဝန်ရှိသူတစ်ဦးက  ပြော ကြားသည်။


ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ရနောင်း မြို့သို့    နယ်စပ်ကုန်သွယ်ရေး (Border Trade Method)   စနစ် ဖြင့်    ရောက်ရှိလာသည့်  အဆိုပါ ကုန်တင်သင်္ဘောမှာ ကော့သောင်း မြို့ဆိပ်ကမ်းတွင် Check Point အစစ်ဆေးခံခဲ့ခြင်း    ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပို့ဆောင်မည်
လက်ရှိတွင်   မြဝတီ၊   ဘုရား သုံးဆူ၊ ကယားပြည်နယ်၊ နယ်စပ် ကုန်သွယ်ရေး   အခြေအနေမှာ ဆိုင်းငံ့ထားကြောင်း၊ ရေကြောင်း ခရီးကို  အသုံးပြုပြီး  ကွန်တိန်နာ စနစ်ဖြင့်  သွားရန်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပုံစံအသစ် စနစ်အသစ်ဖြင့်     ဆောင်ရွက်ခဲ့ သည့် ကွန်တိန်နာသင်္ဘောကြီးမှာ အိန္ဒိယသင်္ဘော MV - BEYPORE SULTAN   ဖြစ်ကာ   သန့်စင်ပြီး ခဲသတ္တု  ၉၉ တန်ပါ  ကွန်တိန်နာ လေးလုံး၊ ပြောင်းဆန် တန်  ၁၃၀၀ ပါ  ကွန်တိန်နာ  ၅၂  လုံးတို့ကို သယ်ဆောင်ကာ   ထွက်ခွာလာခဲ့ ခြင်းဖြစ်ပြီး     ကော့သောင်းမြို့ ဆိပ်ကမ်းသို့ ဇူလိုင် ၇ ရက် ညတွင် ရောက်ရှိခဲ့ပြီးနောက် ဇူလိုင်  ၈ ရက်တွင်     အစစ်ဆေးခံကာ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ထွက်ခွာ သွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ မှ    ကုန်စည်တချို့     ပြန်လည် တင်ဆောင်ကာ ကော့သောင်းမြို့ သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့်     ရန်ကုန်တိုင်း ဒေသကြီးသို့  ဆက်လက်ကုန်စည် ပို့ဆောင်မည်ဖြစ်ကြောင်း   သိရ သည်။
ကုန်သွယ်ရေးပုံစံအသစ် စနစ် အသစ်သည်   ပြီးခဲ့သည့်   ၂၀၂၄ ခုနှစ်  ဇွန် ၂၉ ရက်က တနင်္သာရီ တိုင်းဒေသကြီး   မြိတ်မြို့   ပုလဲ သန္တာဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ - ထိုင်း    ဒေသအဆင့် နယ်ခြားကော်မတီအစည်းအဝေးမှရရှိခဲ့သော     ရလဒ်တစ်ခုဖြစ် ကြောင်း သိရသည်။


မြင့်ဦး(မြိတ်)