ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်  ဇူလိုင် ၁၁    
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ     အီသီယိုပီးယား ဖက်ဒရယ်     ဒီမိုကရက်တစ်သမ္မတ နိုင်ငံ   သံအမတ်ကြီး   H.E. Mr. Daba Debele Hunde နှင့်အဖွဲ့ကို ယနေ့  မွန်းလွဲပိုင်းတွင်  နေပြည် တော်ရှိ     အဆိုပါဝန်ကြီးဌာန၌      လက်ခံတွေ့ဆုံသည်။
ထိုသို့        တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်    အတူ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့်  တာဝန် ရှိသူများ    တက်ရောက်ကြပြီး မြန်မာနိုင်ငံအတွင်း  တရားမဝင် ဝင်ရောက်လာသည့်     အီသီယို ပီးယားနိုင်ငံသားများကို   ရှာဖွေ ကူညီကယ်ဆယ်၍     နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ အရေးယူ ခြင်းမရှိဘဲ  ပြည်နှင်ဆောင်ရွက် ပေးမှုအခြေအနေ၊     နှစ်နိုင်ငံ လူကုန်ကူးမှု   တားဆီးကာကွယ် ရေးနှင့် တရားမဝင် ဝင်ရောက်မှု မရှိစေရေးအတွက်     နှစ်နိုင်ငံ တာဝန်ရှိသူအချင်းချင်း   အပြန် အလှန် ပူးပေါင်းဆောင်ရွက်နိုင် ရေး၊   မြန်မာ - အီသီယိုပီးယား နှစ်နိုင်ငံ   လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ     ပူးပေါင်း ဆောင်ရွက်နိုင်ရေး   အခြေအနေ များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်