တောင်ငူတက္ကသိုလ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ရက်သတ္တပတ်ပွဲတော်ကျင်းပ

 

တောင်ငူ   ဇူလိုင်   ၁၁


ပဲခူးတိုင်းဒေသကြီး တောင်ငူတက္ကသိုလ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့်   စာဖတ်ရှိန်မြှင့်တင်ရေး    ရက်သတ္တပတ်ပွဲတော်ကို ဇူလိုင် ၉ ရက်က တောင်ငူတက္ကသိုလ်စာကြည့်တိုက်၌ ကျင်းပရာ  တောင်ငူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့်က ဖွင့်ပွဲအခမ်း အနားကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး   အမှာစကားပြောကြားသည်။

 

ထို့နောက်    စာကြည့်တိုက်အတွင်း    ခင်းကျင်းပြသထားသော စာအုပ် စာပေများ၊ စာဖတ်ခန်းနှင့် e-library တို့တွင် ကျောင်းသားကျောင်းသူများ စာအုပ်စာပေဖတ်ရှုလေ့လာနေခြင်းကို လှည့်လည်ကြည့်ရှုပြီး စာဖတ် ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ရာ သတ္တဗေဒဌာနမှ ပါမောက္ခ ဒေါက်တာသီတာဝင်းက အသိပညာပေး ဟောပြောသည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်ဌာနများမှ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ရက်သတ္တပတ်ပွဲတော်များကို အပတ်စဉ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ဇော်ကိုကို (တောင်ငူ)