တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄) ကျင်းပ

ပဲခူး   ဇူလိုင်  ၁၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင် ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်  ၁၁ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍   တိုင်း ဒေသကြီးအဆင့်    ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄) ကျင်းပ သည်။
ဦးစွာ   တိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ၏   လမ်းညွှန်ချက်များကို   ရှင်းလင်း ဖတ်ကြားသည်။ ယင်းနောက် မိုးစပါး စိုက်ရာသီဖြစ်၍ သတ်မှတ်လျာထားသည့် မိုးစပါးစိုက်ဧကများ   ပြည့်မီစွာစိုက်ပျိုး နိုင်ရေး၊   ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ရန်နှင့် ပျိုးခြံများရှိ ပျိုးပင်များ ဇူလိုင်လအတွင်း အပြီးစိုက်ပျိုးသွားရမည် ဖြစ်ကြောင်း၊ မိုးရာသီအတွင်း  ဖြစ်ပွား တတ်သည့် ကူးစက်ရောဂါများ ဖြစ်ပွားမှု မရှိစေရေး     ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများ    အသိပညာပေးရန်နှင့် ဖြစ်ပွားလာပါက ကုသခြင်းနှင့် ထိန်းချုပ် ခြင်းလုပ်ငန်းများ  တစ်ပါတည်း  ဆောင် ရွက်နိုင်ရေး သက်ဆိုင်ရာမြို့နယ်အလိုက် စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး      ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်  စိုက်ပျိုးရေး၊  မွေးမြူ ရေးနှင့်     MSMEs     လုပ်ငန်းများကို စဉ်ဆက်မပြတ်    သွားရောက်ကြည့်ရှု စစ်ဆေးရန် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ အခြေခံစားသုံးကုန်များ၊    ဆေးဝါများ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး နှင့်   သတ်မှတ်ရည်ညွှန်းဈေးနှုန်းများ အတိုင်း ရောင်းချနိုင်ရေး စစ်ဆေးဆောင် ရွက်ရန် စသည်တို့ကို မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး များက အသီးသီးတင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ အဆင့်မြင့်ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများ၊  ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့  ဥက္ကဋ္ဌများက လိုအပ်ချက်များ ကို  တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က   လိုအပ်သည်များ   ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)