ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကျေးရွာတွင်းလမ်းများ ပြုပြင်ဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကျေးရွာများ ၏  ရွာတွင်းလမ်းများကို  သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ပြုပြင်ဖောက်လုပ် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ   အရှေ့ ဖွားစောကျေးရွာသို့ သွားရောက်၍ ကျေးရွာအဝင်မှ ဇယဝေရီကန်သို့ သွားသောလမ်း   အရှည်  ၁  မိုင် ၂ ဒသမ ၃ ဖာလုံ၊ အကျယ် ၁၈  ပေကို   ဂျင်းကျောက်ခင်းခြင်း လုပ်ငန်း   ဆောင်ရွက်နေမှုအခြေ အနေ၊ အဆိုပါ လမ်းပိုင်းတွင်  ပေ ၅၂၄၀ မြေသား ၂ ပေထုတင်၍ ထပ်မံ    ဆောင်ရွက်မည့်နေရာ၊ ရေကျော်ပေ ၅၀၊ ပေ ၈၀ နှင့် ပေ ၁၅၀  သုံးစင်း  ဆောင်ရွက်မည့် နေရာများကို   လိုက်လံကြည့်ရှု စစ်ဆေးကာ   လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်    ဆောင်ရွက် ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် အနောက်ဖွားစောကျေးရွာ သို့ သွားရောက်ပြီး ကျေးရွာအဝင် လမ်းအရှည် ၂ ဒသမ ၆၅ ဖာလုံ၊ အကျယ်  ၁၈ ပေ ဂျင်းကျောက်ခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့်  ဒုတိယဝန်ကြီး သည်    မြင်းကပါ   ခေတ်မီစံပြ ကျေးရွာ   (Smart Village)   သို့ သွားရောက်၍ ကျေးရွာတွင်းလမ်း ခုနစ်ဖာလုံ ဂျင်းကျောက်ခင်းကျင်း နေမှုကိုလည်းကောင်း၊ ဆက်လက် ဆောင်ရွက်မည့်   ရွာတွင်းလမ်း များကိုလည်းကောင်း      လိုက်လံ ကြည့်ရှုစစ်ဆေးကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်    စံပြကျေးရွာ အတွက်    ဆောင်ရွက်ပေးမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏   လုပ်ငန်းများ၊ အခြားသော ဆက်စပ်ဝန်ကြီးဌာန များ၏ လုပ်ငန်းများ   သတ်မှတ် ကာလအတွင်း အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး မှာကြား သည်။   ဆက်လက်ပြီး   ဒုတိယ ဝန်ကြီးသည် ခေတ်မီစံပြကျေးရွာ ၏ အသက်မွေးဝမ်းကျောင်းနှင့် ကျေးရွာစီးပွားရေး    မြင့်မားရေး ကဏ္ဍတွင်   ပါဝင်သော    ဧည့် လမ်းညွှန်/ဧည့်လမ်းပြသင်တန်း ဖွင့်လှစ်ပို့ချပေးနေမှုကို အားပေး ကြည့်ရှုသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ် ခွင့်ပြုရန်ပုံငွေဖြင့်  ဆောင်ရွက် နေသော ကုန်းတန်းကြီးကျေးရွာ အဝင်လမ်းအရှည် ၁ မိုင် ၄ ဖာလုံ အနက်  လေးဖာလုံ ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းကို  လည်းကောင်း၊ ကုန်းတန်းကြီးကျေးရွာ    အထိ ဆက်လက်ဆောင်ရွက်မည့် လမ်း အရှည် ၁ မိုင် ပြင်ဆင်ဆောင်ရွက် နေမှုကိုလည်းကောင်း   ကြည့်ရှု စစ်ဆေးသည်။    ဆက်လက်၍ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း စိုက်ပျိုးကြရေး တိုက်တွန်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်   တိုင်းဒေသကြီး   ခွင့်ပြုရန်ပုံ ငွေဖြင့်    တည်ဆောက်နေသော ပုဂံမြို့သစ်မှ နတ်ကြိုအိုင်ကျေးရွာ အဝင်လမ်း ၁ မိုင် ၄ ဖာလုံ ပြုပြင် ဖောက်လုပ်ပေးမည့် အခြေအနေ၊ ရေကျော်အမှတ် (၂) တည်ဆောက် မည့်နေရာတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး      လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးသည်။
ထို့နောက်    ဒုတိယဝန်ကြီး သည်   လောကနန္ဒာဘုရားအား သွားရောက်ဖူးမြော်ပြီး ဘုရားပရိ ဝုဏ်အတွင်း မဉ္ဇူသကနတ်ပန်း ရောင်းချနေသော ဒေသခံများနှင့် တွေ့ဆုံ၍     အဆင့်မီထုတ်ကုန် ဖြစ်စေရန်၊    ထုပ်ပိုးကုန်များ သန့်ရှင်းသပ်ရပ်    ကောင်းမွန်စေ ရန်၊   ယခုကဲ့သို့   ပန်းပွင့်ခြောက် ပြုလုပ်ရောင်းချခြင်းအပြင်   မဉ္ဇူ သကနတ်ပန်းမှ အလှဆီထုတ်လုပ် တတ်စေရန်   အသေးစားစက်မှု လက်မှု     လုပ်ငန်းဦးစီးဌာနက သင်တန်းပို့ချပေးရေး   ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်