ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Daba Debele Hunde လာရောက်တွေ့ဆုံ

 

နေပြည်တော်   ဇူလိုင်   ၁၁
ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးမောင်မောင်အုန်း အား  မြန်မာနိုင်ငံဆိုင်ရာ   အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Daba Debele Hunde သည်  ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ   ပြန်ကြားရေးဝန်ကြီးဌာန  ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ရင်းရင်းနှီးနှီး ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် MoU လက်မှတ်ရေးထိုးနိုင်ရေး၊ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ပြီး   နှစ်နိုင်ငံအကြား အပြန်အလှန် သတင်းမှန်ထုတ်လွှင့်နိုင်ရေး၊ စီးပွားရေး ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများတွင် အပြန်အလှန်  ပူးပေါင်းဆောင်ရွက်နိုင် ရေးနှင့်  နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်   သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်  ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ   အကြီးအကဲများ တက်ရောက်ကြသည်။                         

သတင်းစဉ်