YBS ယာဉ်များပေါ်တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကြိုတင်ကာကွယ်ရေး လက်ကမ်းစာ‌စောင်များဖြန့်ဝေ

ရန်ကုန်  ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ညွှန်ကြားမှုဖြင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီ(YRTC)တို့ပူးပေါင်း၍     ယနေ့နံနက်က  ခရီးသည်တင် YBS ယာဉ်များပေါ် တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားမှုကို     ကြိုတင် ကာကွယ်နိုင်သော နည်းလမ်းများ ပါ   အသိပညာပေးပိုစတာများ ကပ်၍    ယာဉ်ပေါ်ပါခရီးသည်များ အား     လက်ကမ်းစာ‌စောင်များ ဖြန့်ဝေပေးကြသည်။
ထိုသို့  ကျန်းမာရေးဝန်ထမ်း များ၊ YRTC ဝန်ထမ်းများ၊ ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များ၏    အသိ ပညာပေးလုပ်ငန်းဆောင်ရွက်နေမှုများကို  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့်  တိုင်း ဒေသကြီး    အစိုးရအဖွဲ့ဝင်များ၊ YRTC  မှ    တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
ထိုသို့ ကျန်းမာရေးအသိပညာ ပေးခြင်းလုပ်ငန်းများကို ဆူးလေ (မဟာဗန္ဓုလပန်းခြံရှေ့)၊   သခင်မြ ပန်းခြံ၊ ကမ္ဘာအေး၊ ဒညင်းကုန်း လမ်းဆုံ၊ မြောက်ဥက္ကလာပအဝိုင်း၊ သင်္ဃန်းကျွန်း    စံပြဈေးတို့တွင် လည်း   ဆောင်ရွက်ခဲ့ကြောင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ထိုသို့အသိပညာပေးခြင်း လုပ်ငန်းများ  ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း  သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)