
နေပြည်တော် ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ လုံခြုံ ရေး တပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းဖက်သမားကို ခြောက်လှန့်ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညပိုင်းတွင် မြိတ်မြို့ မြို့မအားကစားကွင်းဝန်းကျင်၌ လှည့်ကင်း ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ည ၁၁ နာရီခွဲခန့်တွင် “ဦးမြတ် လေး” ပန်းခြံရှေ့အရောက်၌ အကြမ်းဖက်သူ အမျိုးသား တစ်ဦးသည် ပုန်းခိုနေရာမှ ပြေးထွက်လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကိုင်ဆောင်ထားသည့် သေနတ်အား လုယူခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်မှ ၎င်း၏ဘေးသို့ သေနတ်တစ်ချက် ခြောက်လှန့်ပစ်ခတ် ခဲ့သည်။
အဆိုပါ အကြမ်းဖက်သမားမှ ထပ်မံ လုယူရန် ကြိုးစားသဖြင့် ခြောက်လှန့်ပစ်ခတ် ခဲ့ရာ အကြမ်းဖက်သမား၏ ဘယ်ပေါင်ရင်း ထိမှန်ဒဏ်ရာ တစ်ချက်နှင့် ဝဲလက်မောင်း ထိမှန်ဒဏ်ရာ တစ်ချက်ရရှိကာ ကတ္တရာ လမ်းပေါ်သို့ မှောက်လျက်လဲကျသွားပြီး လဲကျသွားသည့် အရှိန်ဖြင့် နဖူးကွဲဒဏ်ရာ တစ်ချက် ထပ်မံရရှိခဲ့သဖြင့် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံး သွားခဲ့သည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး ထံမှ သေနတ်လုယူရန် ကြိုးစားခဲ့သည့် အကြမ်းဖက်သူ အမျိုးသား(စိစစ်ဆဲ) သေဆုံး မှုနှင့် ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့်၍ စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်