ရေးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီး နှစ်ဦးကို ဖမ်းဆီးထားသည်ဟု အထင်အမြင်လွဲမှားစေသည့် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ

နေပြည်တော်   ဇူလိုင်    ၁၁
မွန်ပြည်နယ် ရေးမြို့တွင် ဇူလိုင် ၈ ရက်က ခြံထဲမှ ကွမ်းသီးခူးပြီး ပြန်လာသည့်  အမျိုးသားတစ်ဦး ကို    လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်းနှင့် ကွမ်းသီး လိုက်လံဝယ်ယူသည့် အမျိုးသား နှစ်ဦးကိုလည်း လူသားဒိုင်းသဖွယ် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို  တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံ ရေးသား        ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ     နယ်မြေ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင် ၇ ရက်တွင်   ရေးမြို့   ရွာသစ် ကျေးရွာ နှင့်  တောင်စွန်းကျေးရွာ သို့   သွားရောက်သည့်   လမ်းဆုံ အနီးရောက်ရှိစဉ်    ပွိုင့် - ၁၉၃ တောင်ကုန်းပေါ်မှ  အကြမ်းဖက် သမားများက    လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်   စတင် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု များဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏        ထိရောက်သော လက်နက်ကြီး     ပစ်ခတ်မှုများ ကြောင့် အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများဖြင့်  အရှေ့ ဘက်သို့ ဆုတ်ခွာထွက်ပြေးသွား ခဲ့ကြောင်း၊   ထို့နောက်  တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာမှ  အကြမ်း ဖက်သမား အလောင်းတစ်လောင်း နှင့်အတူ   အမ်-၁၆   ကျည်အိမ် တစ်ခု၊ ၎င်းကျည် ငါးတောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ လုံခြုံ ရေး    တပ်ဖွဲ့ဝင်များအနေဖြင့်  အရပ်သား        ပြည်သူများကို   သတ်ဖြတ်ခြင်းနှင့်    ဖမ်းဆီးထား ခြင်းမရှိကြောင်း လုံခြုံရေးတာဝန် ရှိသူ တစ်ဦး၏   ပြောကြားချက်အရ သိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာ များသည်    နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့်   လုံခြုံ ရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူ များ    အထင်အမြင်လွဲမှားစေရန် အတွက်   သတင်းတု၊   သတင်း အမှားများကို  ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး လူမှုကွန်ရက် စာမျက်နှာများမှ        တစ်ဆင့်      လှုံ့ဆော်ရေးသား  ဝါဒဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း  သတင်းရရှိ သည်။
သတင်းစဉ်