ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နေပြည်တော်   ဇူလိုင်   ၁၂


သဘာဝပတ်ဝန်းကျင်အား  ထိန်းသိမ်းနိုင်စေရန်နှင့်  ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊  အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေး အတွက် တစ်ဖက်တစ်လမ်းမှ  အထောက်အကူဖြစ်စေရန်  ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ် ဌာနချုပ် အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ  တစ်အုပ် တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
ယနေ့တွင်  ၂၀၂၄ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ဒုတိယအကြိမ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်း အနားကို   နေပြည်တော်   ဇေယျာသီရိမြို့နယ်   ရေဆင်းဆည်အနီး၌    ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ်  (ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်း၊   ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)   ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   တပ်မတော်   အရာရှိကြီးများနှင့် ဇနီးများ၊   ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်   ဇနီးများ၊   နိုင်ငံတော်ကာကွယ်ရေး      တက္ကသိုလ်မှ     သင်တန်းသား     အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ    ရုံးဌာနအသီးသီး မှ  အရာရှိ၊    စစ်သည်များနှင့်   မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်  ဇနီးတို့သည်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်    (လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် ဇနီးများ၊  အခမ်းအနား  တက်ရောက်လာ ကြသည့်  အရာရှိ၊ စစ်သည်မိသားစုများနှင့်အတူ  သတ်မှတ်နေရာအသီးသီးတွင်      သစ်ပင်များကို အတူတကွ   စုပေါင်းစိုက်ပျိုးကြသည်။   ထို့နောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊  အဖွဲ့ဝင်များသည် အရာရှိ၊  စစ်သည်  မိသားစုများ၏  စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား   လှည့်လည်ကြည့်ရှု     အားပေး ကြသည်။
၂၀၁၁ ခုနှစ်မှ  ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည်
ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊
နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင်
စုစုပေါင်း  ၁၉၈၈၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်
ယနေ့ပြုလုပ်သည့်  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏   ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင်  ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ မဟော်ဂနီ  ၆၀၀ ပင်၊  ပျဉ်းကတိုး  ၃၀၀  ပင်၊ ပိတောက် ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်ကို  စုပေါင်း စိုက်ပျိုးခဲ့ကြသည်။   ရေဆင်းဆည်ပတ်ဝန်းကျင်၌   သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေး အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)    မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ်   သစ်ပင်စိုက်ပျိုးပွဲအထိ   သစ်ပင် စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၀ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့်  အရိပ်ရ လေကာပင်  စုစုပေါင်း  ၁၉၈၈၂၅  ပင်အား  စိုက်ပျိုးခဲ့ ပြီးဖြစ်သည်။          
အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ လည်း မိုးရာသီ သစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာ တန်းဝင်ပင်၊   စက်မှုကုန်ကြမ်းသီးနှံပင်၊     နှစ်ရှည် စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်း စိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌  ၉၀၉၇  ပင်၊  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၀၉၃၅ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၆၂၇၄ ပင်၊  အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌   ၁၁၈၁၀ ပင်၊  တြိဂံ ဒေသ  တိုင်းစစ်ဌာနချုပ်၌ ၁၃၁၄၃ ပင်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၌ ၁၁၃၁၃ ပင်၊ ကမ်းရိုးတန်းဒေသ    တိုင်းစစ်ဌာနချုပ်၌ ၉၈၄၃ ပင်၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်၌  ၁၅၂၄၁  ပင်၊  အနောက်တောင် တိုင်းစစ်ဌာန ချုပ်၌ ၅၄၉၀ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၄၆၄၀ ပင်၊  အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌  ၁၂၆၆၇  ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၃၄၃၁၅ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌  ၁၅၃၅၂  ပင် တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်း စိုက်ပျိုးခဲ့ကြပြီး   ယနေ့တွင်    တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)   မိသားစု ဝင်များအပါအဝင်  တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၌ စုစုပေါင်းသစ်ပင် ၁၆၂၅၂၀ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်