အာဇာနည်ဗိမာန်သို့ လာရောက်မည့်မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း

(၁)    လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ  ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊  ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်လက္ခဏာများ ဖြစ်ပွားလာပါက အခမ်းအနားသို့ လုံးဝလာရောက်ခြင်းမပြုရန်၊
(၂)    ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင် ကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ် လက္ခဏာများ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက် ရန်၊
(၃)    အာဇာနည်ဗိမာန်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊
(၄)    ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပေးချက်အား တိကျစွာလိုက်နာ ဆောင်ရွက်ရန်။