နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာ၌ ကျင်းပသည့် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ တက်ရောက်အားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာ၌ ကျင်းပသည့်
ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊  မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ တက်ရောက်အားပေးပြီး ကျုံတိုင်းကြီးကျေးရွာ ငါးမွေးမြူရေးကန်နှင့် ဓနုဖြူမြို့နယ် ယင်းကဒစ်ကျေးရွာရှိ အုန်းချိုမွှေးစိုက်ပျိုးရေးခြံ ကြည့်ရှုအားပေး

 

နေပြည်တော်   ဇူလိုင်    ၁၂


စက်မှုလယ်ယာဦးစီးဌာန အမှတ်(၅၇) စက်မှုလယ်ယာစခန်း (ပန်းတနော်) မှ ကောက်စိုက်စက်၊  လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများ ဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို  ယနေ့နံနက်ပိုင်းတွင်   ဧရာဝတီ တိုင်းဒေသကြီး    မအူပင်ခရိုင်   ပန်းတနော်မြို့နယ်  ဆုတောင်းပြည့် ကျေးရွာရှိ တောင်သူ ဦးကျော်ငြိမ်းအေး၏ မိုးစပါးစိုက်ခင်း ငါးဧက၌ ကျင်းပသည်။  
သရုပ်ပြပွဲသို့     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         အဖွဲ့ဝင် မန်းငြိမ်းမောင်၊    တိုင်းဒေသကြီး ဝန်ကြီးချုပ်         ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး     အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊    ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။
တောင်သူများနှင့်တွေ့ဆုံ
ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့်  တာဝန် ရှိသူများသည်  ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ ချကိရိယာဖြင့်   စပါးစိုက်ပျိုးခြင်း များကို         ကြည့်ရှုအားပေးပြီး  ဒေသခံတောင်သူများ နှင့်  ကြဲခင်းစနစ်များ  လျော့နည်း ပပျောက်ရေး၊    စိုက်ပျိုးသီးနှံစုံ     ပန်းတိုင်အထွက်နှုန်း      ရရှိရေး ကိစ္စရပ်များကို   ဆွေးနွေးသည်။
ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင်၊ တိုင်းဒေသကြီး     ဝန်ကြီးချုပ်နှင့် အဖွဲ့သည်     ပန်းတနော်မြို့နယ် ကျုံတိုင်းကြီးကျေးရွာရှိ ငါးမွေးမြူ ရေးလုပ်ငန်းရှင်     ဦးမြင့်သန်း၏  ငါးမွေးမြူရေးကန်   (၁၈၉ ဒသမ ၉၆) ဧကပေါ်ရှိ ငါးမွေးမြူရေးကန် ရှစ်ကန်၌  ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်း          စုစုပေါင်းကောင်ရေ (၉၂၀၀၀)     မွေးမြူထားရှိမှုကို ကြည့်ရှု အားပေးပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      အဖွဲ့ဝင်       မန်းငြိမ်းမောင်က     ပြည်တွင်းသာမက         ပြည်ပ ဈေးကွက်သို့ပါ   တင်ပို့ရောင်းချ နိုင်ရေး၊    တိုးချဲ့မွေးမြူနိုင်ရေး၊  ပြည်တွင်းစားသုံးမှုဖူလုံရေးကိစ္စရပ် များကို       ပြန်လည်ဆွေးနွေးကာ  တင်ပြချက်များအပေါ်  သက်ဆိုင်ရာ   တာဝန်ရှိသူများနှင့်   ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကြည့်ရှုအားပေး
ထို့နောက်         နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည်  ဓနုဖြူမြို့နယ် ယင်းကဒစ် ကျေးရွာရှိ ရေနက်ကွင်း၌ ရေတစ် ပေါင်၊    ကုန်းတစ်ပေါင် စိုက်ပျိုး နည်းစနစ်ဖြင့်      အလွိုင်းကုမ္ပဏီမှ စိုက်ပျိုးထားရှိသော   အုန်းချိုမွှေး စိုက်ပျိုးရေးခြံ    ဧက   ၁၈၀    သို့ သွားရာက်၍   စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုကို  ကြည့်ရှုအားပေး ပြီး     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်   တိုင်းဒေသ ကြီးဝန်ကြီးချုပ်တို့က   အုန်းချိုမွှေး လုပ်ငန်းအပြင်       အုန်းသီးတန်ဖိုး ကွင်းဆက်မြင့်မားရေး၊       အုန်း အခြေခံ  တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်မှာကြားပြီး အုန်းချို မွှေးစိုက်ခင်းအတွင်း   လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်နှင့် အဖွဲ့သည်    ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု ဥတိုကျေးရွာ ရှိ ထူးထက်ဟန် ကုမ္ပဏီလီမိတက် အသားတိုးဝက် မွေးမြူရေးလုပ်ငန်း သို့ရောက်ရှိရာ တာဝန်ရှိသူများက အသားတိုးဝက် မွေးမြူရေးလုပ်ငန်း အဆင့်ဆင့်နှင့် အလုံပိတ်လေအေး ပေးစနစ်ဖြင့်     မွေးမြူထားရှိမှု အခြေအနေကို    ရှင်းလင်းတင်ပြ ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သိရှိလိုသည် များကို မေးမြန်းဆွေးနွေး၍ လိုအပ် သည်များ မှာကြားသည်။
ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်နှင့် အဖွဲ့သည်     ပန်းတနော်မြို့နယ် လူထုအခြေပြု        ဗဟိုဌာန (Community Centre) ၌ ကျင်းပ သည့်   ၂၀၂၄ - ၂၀၂၅   မိုးစပါး အတွက်  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုနှင့် မျိုးစေ့ ပေးအပ်ပွဲအခမ်းအနားသို့    တက် ရောက်ပြီး     တောင်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ        အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်    စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်နှင့် အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်      မိုးစပါးစိုက်ပျိုး ဆောင်ရွက်သော ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်  တောင်သူများကို သွင်းအားစုနှင့်        မျိုးစေ့များ ပေးအပ်ခြင်း၊     တိုင်းဒေသကြီး ရန်ပုံငွေမှ အင်ဂျင်ပါဝါသုံး ခြောက် တန်းသွား လက်ဆွဲကောက်စိုက် စက်တစ်လုံးကို  ပန်းတနော် မြို့နယ်  စက်မှုလယ်ယာဦးစီးဌာန သို့ တောင်သူအကျိုးပြုလုပ်ငန်း များ ဆောင်ရွက်ရန်   ပေးအပ်ခြင်း တို့  ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။               

သတင်းစဉ်