အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်

နေပြည်တော်    ဇူလိုင်    ၁၂
အိန္ဒိယသမ္မတနိုင်ငံ  ပြည်ပရေးရာဝန်ကြီး  ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ၏  ဖိတ်ကြားချက်အရ   ဒုတိယဝန်ကြီးချုပ်နှင့်   နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယမန်နေ့က အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့၌  ကျင်းပသည့်   ဒုတိယအကြိမ်  ဘင်းမ်စတက်  နိုင်ငံခြားရေး ဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။
 ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏    သီးသန့်အစည်း အဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများမှ     ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ    ဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်     နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာမိုဟာမတ်ဟာ ဆန်မာမွတ်၊  ဘူတန်နိုင်ငံခြားရေး နှင့် ပြည်ပကုန်သွယ်ရေးဝန်ကြီး မစ္စတာဒီအန်ဒွန်ဂဲလ်၊     အိန္ဒိယ ပြည်ပရေးရာဝန်ကြီး   ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာ၊ နီပေါနိုင်ငံခြား ရေးအတွင်းဝန်     မစ္စစီဝါလမ် ဆယ်လ်၊ သီရိလင်္ကာ  နိုင်ငံခြားရေး ဒုတိယဝန်ကြီး   မစ္စတာသာရက ဘာလာဆူရီရာ၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာမာရစ် ဆတ်ငီယမ် ဖုန်နှင့်    ဘင်းမ်စတက်    အတွင်း ရေးမှူးချုပ်         သံအမတ်ကြီး   အင်ဒရာမာနီပန်ဒေးတို့     ပါဝင် တက်ရောက်ကြသည်။
ဘင်းမ်စတက်    နိုင်ငံခြားရေး ဝန်ကြီးများ၏    သီးသန့်အစည်း အဝေးအတွင်း     နိုင်ငံခြားရေး ဝန်ကြီးများသည်    ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှု  လုပ်ငန်းစဉ် ဆိုင်ရာ ကိစ္စရပ်များ၊  ဒေသတွင်း နှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ     အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက်အဖွဲ့ဝင်  နိုင်ငံများ အကြား     ပေါင်းစည်းဆက်နွှယ် ချိတ်ဆက်မှု  ပိုမိုမြှင့်တင်သွားရေး၊ ကုန်သွယ်ရေးနှင့်     စီးပွားရေး လုပ်ငန်းများ၊      ကျန်းမာရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နိုင်ငံ ဖြတ်ကျော်   ငွေပေးချေရေးစနစ် အပါအဝင်      ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် ရေး    စသည်တို့တွင်    ပူးပေါင်း    ဆောင်ရွက်သွားရေးအပေါ်   ထည့် သွင်းဆွေးနွေးခဲ့ကြသည်။
အလားတူ     အစည်းအဝေး၌ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး တို့၏         အရေးကြီးမှုအပေါ် အလေးပေးပြောကြားခဲ့ပြီး ဘင်းမ် စတက်    အနာဂတ်ဦးတည်ချက် များဆိုင်ရာ  ထင်ပေါ်ကျော်ကြား ပညာရှင်များအဖွဲ့၏     လုပ်ငန်း ဆောင်ရွက်မှုများနှင့်     ဘင်းမ် စတက်  နိုင်ငံခြားရေးဝန်ကြီးများ ၏  အစည်းအဝေးများကျင်းပရေး တို့အပေါ်    ထည့်သွင်းဆွေးနွေးခဲ့ ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့်   နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည်     အစည်းအဝေး အတွင်း     ငြိမ်းချမ်းရေး၊   ဖွံ့ဖြိုး တိုးတက်ရေးနှင့်      ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် နိုင်ငံတော် အစိုးရ၏  ကြိုးပမ်းဆောင်ရွက်နေမှုများနှင့်  မြန်မာနိုင်ငံ၏  လက်ရှိ ဖြစ်ပေါ်တိုးတက်မှု   အခြေအနေ များကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များမှ         ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကို    ရှင်းလင်း ပြောကြားခဲ့ပြီး  တရားမဝင်မူးယစ် ဆေးဝါးနှင့်  လက်နက်ရောင်းဝယ် ဖောက်ကားမှုများ၊  လူကုန်ကူးမှု များ၊    အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင်  အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် သွားရေးအပေါ်       တိုက်တွန်း ပြောကြားခဲ့သည်။  
အိမ်ရှင်အိန္ဒိယ   ပြည်ပရေးရာ ဝန်ကြီး   ဒေါက်တာ  အက်စ်ဂျိုင် ရှန်ကာက  ဒုတိယအကြိမ် ဘင်းမ် စတက်နိုင်ငံခြားရေးဝန်ကြီးများ ၏        သီးသန့်အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြား ရေးဝန်ကြီးများနှင့် ကိုယ်စားလှယ် အဖွဲ့များကို      ညနေပိုင်းတွင် နယူးဒေလီမြို့ရှိ      တာ့ဂျ်ပဲလေ့စ် ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
 ဘင်္ဂလားပင်လယ်အော် ဒေသ တွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်    (Bay   of   Bengal Initiatives   for  Multi-Sectoral Technical   and    Economic Cooperation -  BIMSTEC) သည် ၁၉၉၇   ခုနှစ်တွင်   စတင်ဖွဲ့စည်း ထူထောင်ခဲ့သည့်     ဒေသတွင်း အဖွဲ့အစည်း       တစ်ရပ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊  ဘူတန်၊  အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်း စသည့် အဖွဲ့ဝင်(၇)နိုင်ငံ   ပါဝင် သည်။     ဘင်္ဂလားပင်လယ်အော် ဒေသတွင်း     နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက်  ရည်ရွယ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဘင်းမ် စတက်၏ လက်ရှိပူးပေါင်းဆောင် ရွက်မှု  ကဏ္ဍ (၇)ခု ရှိသည့်အနက် မြန်မာနိုင်ငံသည်   ဘင်းမ်စတက် “လယ်ယာစိုက်ပျိုးရေးနှင့်  စားနပ် ရိက္ခာဖူလုံရေးကဏ္ဍ”၏ ဦးဆောင်  နိုင်ငံအဖြစ်      တာဝန်ယူလျက် ရှိသည်။
 သတင်းစဉ်