ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်းစာအုပ်များ ပေးအပ်

ရန်ကုန်  ဇူလိုင်   ၁၂


မြန်မာနိုင်ငံ  စာကြည့်တိုက်များ ဖောင်ဒေးရှင်းဗဟိုမှ ရန်ကုန်တိုင်း ဒေသကြီး    စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီသို့ပေးအပ် ထားသည့် နိုင်ငံတော်အကြီးအကဲ မိသားစုကလှူဒါန်းသည့် လူထုသိပ္ပံ ကျမ်းစာအုပ်များကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စာကြည့်တိုက် များသို့ ပေးအပ်သည့် အစီအစဉ်ကို ဇူလိုင် ၉ ရက်က   ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမကြီးပေါ်ရှိ မြန်မာ နိုင်ငံလုံးဆိုင်ရာ   ဗုဒ္ဓသာသနာပြု အဖွဲ့ချုပ်      သာသနာ့ဗိမာန်၌ ကျင်းပသည်။


ယင်းပေးအပ်ခြင်း အစီအစဉ် တွင်     ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီဝင်           ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင် တွင်းကြီး)နှင့် ရုံးအဖွဲ့မှူး ဦးဝင်း သိန်းတို့က  ရန်ကုန်တိုင်းဒေသကြီး ခရိုင်၁၄ ခရိုင်မှ မြို့နယ် ၄၅ မြို့နယ် အတွင်းရှိ   မှတ်ပုံတင်ထားသော စာကြည့်တိုက်  ၁၂၅  တိုက်အတွက် စာကြည့်တိုက်     တစ်တိုက်လျှင် လူထုသိပ္ပံကျမ်းစာအုပ် ငါးအုပ်နှုန်း ဖြင့် စာအုပ်ပေါင်း ၆၂၅ အုပ်တို့ကို ပေးအပ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)