
နေပြည်တော် ဇူလိုင် ၁၂
ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး တက်ရောက်ရန် နယူးဒေလီမြို့သို့ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင် ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အစည်းအဝေး” သို့ ပါဝင် တက်ရောက်ခဲ့သည်။
“မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံ အစည်းအဝေး” သို့ အိန္ဒိယပြည်ပရေးရာ ဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ် ဆတ်ငီယမ်ဖုန်တို့ တက်ရောက်ခဲ့ကြသည်။
ဘင်းမ်စတက်နှင့် နိုင်ငံတကာ
မျက်နှာစာတွင် ပိုမိုပူးပေါင်းရေး
“မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံ အစည်းအဝေး” ၌ ဝန်ကြီးများသည် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများ ပိုမို တိုးတက်ခိုင်မာစေရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍစုံ၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်ရေး၊ ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များ အပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အလားတူ မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံ အမြန်လမ်းအကောင်အထည် ဖော်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ အပါအဝင် ပေါင်းစည်းဆက်နွှယ် ချိတ်ဆက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ်အေးချမ်းရေး အတွက် မြန်မာ - အိန္ဒိယ - ထိုင်းနိုင်ငံ တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်သွားရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
လူကုန်ကူးမှုများ၊ အွန်လိုင်း
လိမ်လည်မှုများတိုက်ဖျက်ရေးဆွေးနွေး
အလားတူ တရားမဝင်မူးယစ်ဆေးဝါး နှင့် လက်နက်ရောင်းဝယ်ဖောက်ကား မှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်း လိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရေး အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
“သုံးနိုင်ငံ အစည်းအဝေး” ၌ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး သည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော် ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သုံးနိုင်ငံအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ ဖြစ်ကြ သည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးမိုးကျော်အောင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ လည်း ပါဝင်တက်ရောက်ခဲ့သည်။
သတင်းစဉ်