ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်   ဇူလိုင်   ၁၂
ပညာရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဒေါက်တာ ဇော်မြင့်သည်  မြန်မာနိုင်ငံဆိုင်ရာ  သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး Mrs. Ponnamperuma Arachchige Prabashini Ponnamperuma  အား  ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်  ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ   အစည်းအဝေးခန်းမ၌   လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ်  မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဆောင်ရွက်ရေး၊ MSME အထောက်အကူပြု အသုံးချသုတေသနပူးပေါင်း ဆောင်ရွက်ရေး၊   မိတ်ဖက်တက္ကသိုလ်များ ထူထောင် ရေး၊ ပုဂ္ဂလိကတက္ကသိုလ်များ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ် များကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့  ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်   တာဝန်ရှိသူများ   တက်ရောက်ခဲ့ ကြောင်း သိရသည်။                   

သတင်းစဉ်