
ပေါက်ခေါင်း ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူအများစုသည် အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံများကိုမိမိတို့၏ လယ်မြေ၊ ယာ မြေများတွင်စိုက်ပျိုးထားရှိရာ ယခုနှစ်မိုးရာသီတွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံဧကပေါင်း ၆၆၃၇၆ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီ တွင် စိုက်ပျိုးမည့် သီးနှံအမျိုးအစားအလိုက် လျာထားဧကများမှာ မိုးနှမ်းလျာထားဧက ၃၉၁၆၄ ဧက၊ မြေပဲလျာထားဧက ၁၅၃၄၃ ဧက၊ နေကြာ လျာထား ဧက ၆၉ ဧက၊ ဝါကြီးလျာထား ဧက ၃၀၂၅ ဧကနှင့် ပဲတီစိမ်းလျာထားဧက ၁၁၃၄ ဧက၊ ပဲစင်းငုံ လျာထား ဧက ၉၅၉၁ ဧက၊ ပဲပုပ်လျာထား ဧက ၆၁ ဧကတို့ကို စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ တောင်သူများ၏ လယ်မြေ၊ ယာမြေများတွင် ယမန်နေ့အထိ ဆီထွက်သီးနှံမိုးနှမ်း ၃၉၁၆၄ ဧက၊ မြေပဲ ၁၅၃၄၃ ဧက၊နေကြာ ၆၉ ဧကနှင့် ပဲတီစိမ်း ၁၁၃၄ ဧက၊ ပဲစင်းငုံ ၁၀၆၀၁ ဧကနှင့်ပဲပုပ် ၆၁ ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါမိုးရာသီစိုက်ပျိုးသီးနှံများ လျာထားဧက ပြည့်မီကျော်လွန် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ် အဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများ က ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်နည်းပညာနှင့် စိုက်ပျိုး ရေးနည်းလမ်းကောင်းများကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရ သည်။
သန်းထွန်းအောင်(ပြန်/ဆက်)