ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ကျန်ရစ်သူအကျိုးခံစားခွင့် ထောက်ပံ့ငွေပေးအပ်

ရန်ကုန် ဇူလိုင်   ၁၃
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင် မှတ်ပုံတင်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော် ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ အာမခံအလုပ်သမား ဦးအောင်ဝင်း၏ လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထောက်ပံ့ငွေထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး   တိုင်း ဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက   လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးခဲ့သည့်    ဦးအောင်ဝင်း၏   ကျန်ရစ်သူ အကျိုးခံစားခွင့် ထောက်ပံ့ငွေကျပ် ၁၁၈၈၀၀၀၀ ကို သေဆုံးသူ၏ဇနီး ဒေါ်သန်းသန်းဌေးထံသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။           
မင်းသိန်းထွန်း