ကရင်ပြည်နယ်အတွင်း ယခုနှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း ၁၈၆၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ဘားအံ   ဇူလိုင်   ၁၃
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပျိုးပင် ပေါင်း ၂၇၀၀၀၀ ကျော် စိုက်ပျိုးသွားရန်  လျာထား ဆောင်ရွက်လျက်ရှိရာ   ယခုအခါ   ပျိုးပင်ပေါင်း    ၁၈၆၀၀၀ ကျော်   စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ဇူလိုင် ၁၃ ရက် နံနက် ၇ နာရီက ဘားအံမြို့နယ် တောင်ကလေးတိုးချမြို့ပြအိမ်ရာ စီမံကိန်းဧရိယာရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ)၌  ကျင်းပသည့် ၂၀၂၄ ခုနှစ်   ပြည်နယ်အဆင့်   မိုးရာသီ(တတိယ အကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။
သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သစ်တောသစ်ပင်များသည် လူသား  များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ရှင်သန်ရေး အတွက် အလွန်အရေးပါသောအရာများဖြစ်ပြီး ကရင် ပြည်နယ်အတွင်းရှိ မြို့နယ်သစ်တောဦးစီးဌာနများ အားလုံးတွင် အမြင့် နှစ်ပေအထက်ရှိသော ပျိုးပင်များ အခမဲ့ဖြန့်ဝေလျက်ရှိရာ           သစ်ပင်စိုက်လိုသူများ အားလုံး အခမဲ့သွားရောက်ထုတ်ယူစိုက်ပျိုးနိုင်ကာ ထုတ်ယူစိုက်ပျိုးသည့် ပျိုးပင်များကိုလည်း  တစ်ပင် စိုက်တစ်ပင်ရှင်ဖြစ်အောင်           ပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။    
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အစိုးရစက်မှု လက်မှုသိပ္ပံ(ဘားအံ)မှ တာဝန်ရှိသူတစ်ဦးထံ ပျိုးပင် များ     ဖြန့်ဝေပေးအပ်ခဲ့ပြီး    ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ နှင့်အတူ ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသည့် အမြင့် နှစ်ပေနှင့်အထက်ရှိသော သစ်မျိုး ရှစ်မျိုး၊ ပျိုးပင်ပေါင်း ၁၃၆၁ ပင်ကို လူထုလှုပ်ရှားမှု အသွင်ဖြင့်   ပျော်ပျော်ပါးပါး   စုပေါင်းစိုက်ပျိုးခဲ့ကြ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အဆင့် မိုးရာသီ(တတိယအကြိမ်) သစ်ပင် စိုက်ပွဲတွင်  သတ်မှတ်နေရာများအလိုက်    စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေး ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်     အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)     ပင်မသုံးထပ် ဆောင် အဝင်လမ်းကို  ကြည့်ရှုစစ်ဆေး၍ တာဝန် ရှိသူများအား လိုအပ်သည်များ  မှာကြားခဲ့ကြောင်း သတင်းရရှိသည်။     
 စောမျိုးမင်းသိန်း(ပြန်/ဆက်)