ဒုတိယဝန်ကြီး ဦးဝင်းဖေ နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ကြည့်ရှုစစ်ဆေး

နေပြည်တော်    ဇူလိုင်    ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ   ဆောက်လုပ်ရေးဝန်ကြီးဌာန အရာထမ်း/အမှုထမ်း ဝန်ထမ်းအိမ်ရာများသို့ ရောက် ရှိပြီး တိုက်ပတ်ဝန်းကျင်   သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် တိုက်ပတ်လည်ရေမြောင်း များ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးသည် တိုက် တာဝန်ခံများ၊  နေထိုင်သူ ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး   တွေ့ဆုံပြီး   ဝန်ထမ်းအိမ်ရာများကို နိုင်ငံတော်မှ  အဆင့်အတန်းမြင့်မြင့် နေထိုင်နိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ပေးထားခြင်းဖြစ်ကြောင်း၊ အမှိုက်စွန့်ပစ်ခြင်းနှင့်   သန့်ရှင်းရေးကို  စနစ်တကျ ဆောင်ရွက်သွားရန်၊  ရေမြောင်းများ ပိတ်ဆို့မှုမရှိ စေဘဲ ရေစီးရေလာ ကောင်းမွန်စေရေး    ရှင်းလင်း ဆောင်ရွက်ရန်၊ မိုးရာသီတွင်ဖြစ်တတ်သည့် ရောဂါ များ      မဖြစ်ပွားစေရေး      ကြိုတင်ကာကွယ် ဆောင်ရွက်ထားရန်၊   တိုက်ခြံစည်းရိုးများ၊ ကား ဂိုဒေါင်များ   သပ်ရပ်စွာ   ဆောင်ရွက်ထားရန်နှင့် နေပြည်တော်     စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည့် နေထိုင်မှုစည်းကမ်းချက်များ နှင့်အညီ လိုက်နာနေထိုင်ကြရန်လိုကြောင်း မှာကြား သည်။
ထို့နောက်    ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  ပဉာ သိဒ္ဓိရပ်ကွက်၊   ဉာဏသိဒ္ဓိရပ်ကွက်နှင့်   ဘောဂသိဒ္ဓိ ရပ်ကွက်တို့ရှိ အရာထမ်း/အမှုထမ်း ဝန်ထမ်းအိမ်ရာ/အဆောင်များ၌   တိုက်ပတ်ဝန်းကျင်   သန့်ရှင်း သာယာလှပရေး ဆောင်ရွက်နေမှု၊ အိမ်ရာဝန်းကျင် သစ်ပင်များ  အလင်းဖွင့်ဆောင်ရွက်နေမှု၊ ခြံစည်း ရိုးများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ တိုက်ပတ် လည် ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်း များ တူးဖော်ခြင်းဆောင်ရွက်နေမှု  အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ     အိမ်ရာတွင် နေထိုင်ကြသည့် ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း    ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။               
သတင်းစဉ်