နမ့်စန်မြို့နယ်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ တရားခံများ ဖမ်းဆီးရမိ

နေပြည်တော်   ဇူလိုင်   ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်အတွင်းမှ တရားမဝင်  လက်နက်/  ခဲယမ်းများအား   ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းသို့  သယ်ဆောင် ရန်ရှိကြောင်း   အကြမ်းဖက်မှုကို   မလိုလားသည့် ပြည်သူများ၏   သတင်းပေးပို့ချက်နှင့်    လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပူးပေါင်းစစ်ဆေးဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်   မတ်ကျန်းကျေးရွာအနီး  နားရိုင်း ကျေးရွာလမ်းခွဲ၌  မတ်ကျန်း      ကျေးရွာဘက်မှ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 2K-7178 VIGO (အနက်ရောင်) ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေ ခဲ့ရာ RCSS/SSA   အဖွဲ့မှ    စုမှူး အဆင့်ရှိ     စိုင်းနွံမိန်း  (၂၅)နှစ်၊ တပ်သားအဆင့်ရှိသူများဖြစ်သည့် စိုင်းဆု(ခ)ဆုဇေယျ  (၃၁) နှစ်၊ စိုင်းကောင်(၂၆)နှစ်၊ ဘိုဘိုဟန် (၂၃)နှစ်နှင့် စိုင်းနွံလှိုင်း(၂၆)နှစ်တို့ ၅ ဦးအား   KIA   အဖွဲ့မှ  ထုတ်လုပ် သည့် KA  (၄၀ မမတွဲ) ၅ လက်၊ ၄၀ မမဆုံလည်   (၆ လုံးတွဲ)  ၅  လက်၊ ၄၀ မမ ၁ လုံးထိုး ၅ လက်၊ ၇.၆၂ ကျည် ၄၃၇၆၅ တောင့်၊ ၄၀ မမ ဗုံးသီးအလုံး ၄၅၀၊ KA ကျည် အိမ် ၁၅ ခု၊ လွယ်ကြိုး ၁၅ ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင်  တရားခံ ကျား ၅  ဦးနှင့်အတူ  လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ ၄၃၇၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၄၅၀၊ ကျည်အိမ် မျိုးစုံ ၁၅ ခု၊ လွယ်ကြိုး ၁၅ ချောင်း တို့အား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ   စိုင်းနွံမိန်းမှာ RCSS/SSA အဖွဲ့၊ တပ်မဟာ(၇၅၉)မှ စုမှူးအဆင့်ရှိသူဖြစ်ပြီး ကျန် တရားခံ ၄ ဦးမှာ တပ်သားအဆင့် ရှိသူများ  ဖြစ်ကြောင်း၊ ဖမ်းဆီးရမိ လက်နက်/ခဲယမ်းများအား ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင်   နားရိုင်း ကျေးရွာလမ်းခွဲ၌ PNLA အဖွဲ့ဝင် သထိုထံမှ  လက်ခံရယူ၍ PNLA အဖွဲ့နှင့်    ချိတ်ဆက်ထားသည့် ကယားပြည်နယ်အတွင်းရှိ KNPP၊ KNDF       အဖွဲ့များထံသို့လည်း ကောင်း၊    ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၌ လှုပ်ရှား လျက်ရှိသည့် KNLA အဖွဲ့ထံသို့ လည်းကောင်း    ပို့ဆောင်ပေးရန် အတွက်        သယ်ဆောင်လာ စဉ်    ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင်  ဖမ်းဆီးရမိသည့် လက်နက်/  ခဲယမ်းများမှာ KIA လက်နက်ကိုင်အဖွဲ့မှ ထုတ်လုပ် သည့် လက်နက်/ခဲယမ်းများဖြစ် ကြောင်း   စိစစ်တွေ့ရှိရပြီး KIA လက်နက်ကိုင်   သောင်းကျန်းသူ များအနေဖြင့် နိုင်ငံတော်အစိုးရမှ  အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော PDF အမည်ခံအကြမ်း ဖက်အဖွဲ့များထံသို့လည်းကောင်း၊ အခြားလက်နက်ကိုင်သောင်းကျန်း သူအဖွဲ့များထံသို့    လည်းကောင်း လက်နက်/ခဲယမ်းနှင့်  ဖောက်ခွဲ ရေးပစ္စည်းများအား   ထောက်ပံ့ ကူညီခြင်း၊      ရောင်းချပေးခြင်း များ  ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အကြမ်း ဖက်အဖွဲ့များနှင့်   လက်နက်ကိုင် သောင်းကျန်းသူများမှ   အစိုးရ ယန္တရားများ      ပျက်ပြားစေရန် ရည်ရွယ်၍       နိုင်ငံ့ဝန်ထမ်းများ အပါအဝင်      အပြစ်မဲ့ပြည်သူများ အား     လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် လမ်း၊ တံတား၊ အဆောက်အဦများအား ဖောက်ခွဲ ဖျက်ဆီးခြင်းများ  ဆောင်ရွက်ရာ တွင်         အားပေးကူညီလျက်ရှိ ကြောင်း ဖော်ထုတ်တွေ့ရှိရသည်။
သို့ဖြစ်ပါ၍       ဖမ်းဆီးရမိ တရားခံများအား          ဥပဒေအရ ထိရောက်စွာ   အရေးယူနိုင်ရေး ဆက်လက်  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊       အကြမ်းဖက်မှု လုပ်ငန်း     ဆောင်ရွက်နေသူများ အား      ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်  တိုက်ဖျက်ကြ ရန်နှင့်  ဆက်စပ်တရားခံများအား အမြန်ဆုံး  ဆက်လက်ဖမ်းဆီးရမိ ရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာ များ၊   လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့    လျှို့ဝှက်စွာ  သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊  သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ   လျှို့ဝှက်၍    ဆုငွေ များ    ချီးမြှင့်ပေးလျက်ရှိကြောင်း နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက်    ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း  အသိပေးသတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်