
ရန်ကုန် ဇူလိုင် ၁၃
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန် မြှင့်တင်မှုတွင် MPT – KDDI – Sumitomo တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဇူလိုင် ၁၀ ရက်က ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ကျင်းပသည့် MPT-KSGM ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထူးဝန်ဆောင်မှု ပေးသည့် မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။
၂၀၁၄ ခုနှစ် ဇူလိုင်လမှစတင်၍ MPT နှင့် KSGM ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပြည်သူ့ အကျိုးပြု လူမှုအထောက်အကူပြုလုပ်ငန်း များကို ယနေ့တိုင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လမှစတင်၍ အထူးပရိုမိုးရှင်း အစီအစဉ်အဖြစ် ကံစမ်း မဲများနှင့် အကျိုးခံစားခွင့်များ၊ Flash၊ MPT Club မိတ်ဖက်တို့၏ အထူးပရိုမိုးရှင်း အစီအစဉ်များ၊ ထပ်ဆောင်းဝန်ဆောင်မှု ကံစမ်းမဲများနှင့် အစီအစဉ်ပေါင်းများစွာ ကို စက်တင်ဘာလအထိ ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
MPT-KSGM Join Operations ၏ စီးပွားရေးဌာနမှ အရာရှိချုပ်ဖြစ်သူ Mr.Yoshinori YAGI က “ MPT-KSGM ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့်အထိ ရပ်တည်နေတာဟာ သုံးစွဲသူတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ယုံကြည်မှုနဲ့ ထောက်ပံ့မှုတွေကြောင့်ပါပဲ။ ဆယ်စုနှစ် တစ်ခုထက်ပိုမိုခိုင်မာတဲ့ ချိတ်ဆက်မှုကနေ အနာဂတ်ကာလအထိ မြှင့်တင်ဆောင် ရွက်သွားမှာပါ။ သုံးစွဲသူတွေကို လိုအပ် ချက်နဲ့ကိုက်ညီပြီး စိတ်လှုပ်ရှားဖွယ်ကောင်း တဲ့ ပရိုမိုးရှင်းအစီအစဉ်တွေကို မိတ်ဆက် ပေးထားပါတယ်” ဟု ပြောကြားသည်။
KSGM သည် ဂျပန်နိုင်ငံမှ KDDI နှင့် Sumitomo တို့ ပူးပေါင်းဆောင်ရွက်ကာ ဆယ်နှစ်အတွင်း ဒေါ်လာနှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန်ရည်ရွယ်ခဲ့ပြီး ထိုရင်းနှီး မြှုပ်နှံမှုသည် ဂျပန်နိုင်ငံ၏ အကြီးမားဆုံး သော ရင်းနှီးမြှုပ်နှံမှုများထဲတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း သိရသည်။
အောင်သန်းဦး