
ရန်ကုန် ဇူလိုင် ၁၃
ဇူလိုင် ၁၀ ရက် နံနက်က လှိုင်မြစ်အတွင်း ကျောက်တင်သင်္ဘောနှင့် ခရီးသည်တင်သမ္ဗန်တို့ တိုက်မိရာမှ သမ္ဗန်ပေါ်တွင်ပါလာသည့် သမ္ဗန် မောင်းသမားအပါအဝင် ကျောင်းသား နှစ်ဦးနှင့်ခရီး သည် ခြောက်ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ကျောင်းသူ တစ်ဦး၊ ကျောင်းသား နှစ်ဦးနှင့်ခရီးသည် ငါးဦး ပျောက်ဆုံးနေသည့်အတွက် မြို့နယ်မီးသတ် ဦးစီးမှူး ဦးကိုကိုလတ် ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင် များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။
ဇူလိုင် ၁၂ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် မချိုဇင်ဖူး (၁၂)နှစ်၊ မောင်သက်အောင် (၂၀) နှစ်၊ ဦးထွန်းမြင့်ဦး (၄၂) နှစ်၊ မောင်ချစ်မင်းသန်း (၁၈)နှစ်၊ မောင်ကောင်းခန့်ကျော်တို့၏ ရုပ်အလောင်း များကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းနေ့ညပိုင်းတွင် မောင်အောင်မျိုးဟိန်း (၂၁)နှစ်၊ ဇူလိုင် ၁၃ ရက် နံနက်တွင် မထက်ထက်ဝင်း(၂၀)နှစ်နှင့် အမည် မသိ ရုပ်အလောင်း တစ်လောင်းတို့ကို ထပ်မံတွေ့ရှိ ခဲ့သည်။
သမ္ဗန်တိုက်မှုနှင့်ပတ်သက်၍ သမ္ဗန်မောင်းသူ ဦးဇော်လင်း (၃၇) နှစ်ကို အခင်းဖြစ်သည့်နေ့မှာ ပင် ရေကြောင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဗိုလ်တထောင်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။ ကိုကြီးတင်