ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအား လက်ခံတွေ့ဆုံ

နေပြည်တော်   ဇူလိုင်    ၁၆
ဒုတိယဝန်ကြီးချုပ်နှင့်    နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ  သည်  တာဝန် ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် အပြည်ပြည်ဆိုင်ရာ   ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏  မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ   Mr. Dragan Aleksoski ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌   လက်ရှိဆောင်ရွက် လျက်ရှိသည့်  IOM ၏လုပ်ငန်းစဉ်များနှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တို့အပေါ်  အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့      နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ    တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်