၁၃၈၆ (၂၀၂၄) ခုနှစ်၊ (၃၁) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ အောင်စာရင်းထုတ်ပြန်

နေပြည်တော်  ဇူလိုင်   ၁၆
ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော်အစိုးရ၊   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊   သာသနာရေးဦးစီးဌာနက  ၂၀၂၄   ခုနှစ်၊ (၃၁) ကြိမ်မြောက်  အစိုးရနိကာယ်စာမေးပွဲကြီးကို  တစ်ပြည်လုံးရှိ ခွင့်ပြုစာဖြေဌာန ၇၄ ဌာနတို့၌ ဇွန်(၇)ရက်မှ (၁၁)ရက်အထိ ၅ ရက် တိုင်တိုင် ကျင်းပခဲ့သည်။
ယင်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ပုဂ္ဂိုလ်ဦးရေ(၁၇၄၄၂)ပါးရှိပြီး ဖြေဆိုသည့်ပုဂ္ဂိုလ်ဦးရေမှာ(၁၂၉၈၄)ပါးဖြစ်၍ ကျမ်းစဉ်အလိုက် အောင်မြင်သူဦးရေ စုစုပေါင်းမှာ(၇၁၉၂)ပါး ဖြစ်ရာ (၅၅ ဒသမ ၃၉)ရာခိုင်နှုန်း အောင်မြင်ကြသည်။
အုပ်စု(၁) ခုဒ္ဒကနိကာယ(ဝိနယပိဋက)ဝိနည်းငါးကျမ်းဖြေဆိုကြသောပုဂ္ဂိုလ်တို့တွင် ငါးကျမ်းအောင် (၁၄၇၄) ပါး၊ လေးကျမ်းအောင် (၁၀၀၃)ပါး၊ သုံးကျမ်းအောင်(၉၄၄)ပါး၊ နှစ်ကျမ်းအောင် (၇၇၀)ပါး၊ တစ်ကျမ်းအောင်(၁၂၃၀)ပါးတို့ ဖြစ်ပါသည်။ ဝိနည်းငါးကျမ်းအောင် (၁၄၇၄ )ပါးတို့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ သီလရှင် ပထမ ရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်-
    (က)    ခုံအမှတ် မှော်/၂၀၄၊ ရှင်ဆန္ဒကိတ္တိ အသက်(၁၆)နှစ်၊ အဘ ဦးဇော်ဦး၊ ပင်စိမ်းပင်ရွာ၊ ပင်းတယမြို့နယ်၊  ဖားအောက်တောရ စာသင်တိုက်၊ ထောက်ကြံ့မြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး။ (ပထမ)
    ( ခ )    ခုံအမှတ် စိန်/၇၆၊ ရှင်ဝိစာရ၊ အသက်(၂၀)နှစ်၊ အဘ ဦးထွန်း၊ အုန်းချောရွာ၊  ပုသိမ်ကြီးမြို့နယ်၊  ရွာမပရိယတ္တိစာသင် တိုက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (ဒုတိယ)
    ( ဂ )    ခုံအမှတ် စိန်/၁၄၆၊  ရှင်ပညာဒီပါလင်္ကာရ၊   အသက်(၂၀)နှစ်၊ အဘ ဦးအကွေ၊ သာမညရွာ၊ ဘားအံမြို့နယ်၊ ရတနာ ပန်းကုံး ကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။ (တတိယ)
    (ဃ)    သီလရှင် ပထမ ခုံအမှတ် မရ/၁၄၅၊ မစန္ဒာသိရီ၊ အသက်(၃၄)နှစ်၊ အဘ ဦးသန်းမောင်၊ အင်တောရွာ၊ ရေနံချောင်းမြို့နယ်၊ ရွှေမြိုင်သီရိသီလရှင်စာသင်တိုက်၊   မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
အုပ်စု(၂) ဒီဃနိကာယ(သုတ္တန္တပိဋက)သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် (၂၆၅)ပါး၊ နှစ်ကျမ်းအောင်(၁၅၅)ပါး၊ တစ်ကျမ်းအောင်(၁၁၂)ပါးတို့ဖြစ်ပါသည်။ သုံးကျမ်းအောင် (၂၆၅)ပါး တို့တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်-
    (က)    ခုံအမှတ် ပူရ/၁၇၊ အရှင်ဝိစက္ခဏ၊ အသက်(၃၀)နှစ်၊ အဘ ဦးစိန်ဌေး၊ မြောက်ရွာ၊ မြင်းခြံမြို့နယ်၊ မဟာဂန္ဓာရုံကျောင်း တိုက်၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ (ပထမ)
    ( ခ )    ခုံအမှတ်  မဟမ/၁၊   အရှင်ဝါယာမိန္ဒာလင်္ကာရာဘိဝံသ၊ အသက်(၃၁)နှစ်၊ အဘ ဦးမြငွေ၊ ဆယ်ရွာ၊ သုံးခွမြို့၊ ဓမ္မ ဒါယာဒကျောင်းတိုက်၊  မစိုးရိမ်တိုက်သစ်၊   မဟာအောင် မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ (ဒုတိယ)
    ( ဂ )    ခုံအမှတ်   ဒဂရ/၂၊   အရှင်နန္ဒိသေနာလင်္ကာရ၊  အသက် (၂၉)နှစ်၊ အဘ   ဦးထွန်းအေး၊ ရှားပြားရွာ၊  ပင်းတယမြို့နယ်၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (တတိယ)
အုပ်စု(၃) မဇ္ဈိမနိကာယ(သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် (၄၉)ပါး၊ နှစ်ကျမ်းအောင်(၈၇)ပါး၊ တစ်ကျမ်းအောင်(၅၆)ပါးတို့ဖြစ်သည်။
အုပ်စု(၄) သံယုတ္တနိကာယ(သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင်  သုံးကျမ်းအောင် (၃၉)ပါး၊ နှစ်ကျမ်းအောင်(၂၀) ပါး၊ တစ်ကျမ်းအောင်(၁၁)ပါးတို့ဖြစ်သည်။
အုပ်စု(၅) အင်္ဂုတ္တရနိကာယ(သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြ သောပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် (၂၇၉)ပါး၊ နှစ်ကျမ်းအောင်(၁၉၀)ပါး၊ တစ်ကျမ်းအောင်(၁၆၀)ပါးတို့ဖြစ်ပါသည်။ သုံးကျမ်းအောင်(၂၇၉)ပါးတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်-
    (က)    ခုံအမှတ် စက/၂၃၊ အရှင်ဝေသာရဇ္ဇာလင်္ကာရ၊  အသက် (၂၁)နှစ်၊ အဘ  ဦးမင်းဆောင်၊ ကွမ်းတောရွာ၊  မြိုင်မြို့နယ်၊ မြစကြာကျောင်းတိုက်၊ စစ်ကိုင်းမြို့၊   စစ်ကိုင်းတိုင်းဒေသ ကြီး။ (ပထမ)
    ( ခ )    ခုံအမှတ် စိန်/၁၇၊ အရှင်ကောလိယာလင်္ကာရ၊   အသက် (၂၀)နှစ်၊  အဘ ဦးစံညွန့်၊   တိန်းပန်ရွာ၊   လားရှိုးမြို့နယ်၊   ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။ (ဒုတိယ)
    ( ဂ )    ခုံအမှတ် စက/၂၄၊ အရှင်ပါမောဇ္ဇ၊ အသက်(၂၁)နှစ်၊ အဘ ဦးခင်မောင်စိုး၊ ထန်းတပင်ရွာ၊ ဒက္ခိဏသီရိမြို့နယ်၊ မြစကြာ ကျောင်းတိုက်၊  စစ်ကိုင်းမြို့၊   စစ်ကိုင်းတိုင်းဒေသကြီး။ (တတိယ)
အုပ်စု(၆) ခုဒ္ဒကနိကာယ(၁)(သုတ္တန္တပိဋက)ဖြေဆိုကြသော ပုဂ္ဂိုလ် တို့တွင် ငါးကျမ်းအောင် (၂)ပါး၊ လေးကျမ်းအောင်(၃)ပါး၊  သုံးကျမ်း အောင် (၁)ပါး၊ နှစ်ကျမ်းအောင်(၅)ပါး၊ တစ်ကျမ်းအောင်(၆)ပါးတို့ ဖြစ်သည်။
အုပ်စု(၇) ခုဒ္ဒကနိကာယ(၂)(သုတ္တန္တပိဋက) ဖြေဆိုကြသောပုဂ္ဂိုလ် တို့တွင် ငါးကျမ်းအောင်(၂)ပါး၊ လေးကျမ်းအောင်(-)ပါး၊ သုံးကျမ်း အောင်(၁)ပါး၊  နှစ်ကျမ်းအောင်(၂)ပါး၊ တစ်ကျမ်းအောင် (၁)ပါးတို့ ဖြစ်ပါသည်။
အုပ်စု(၈) ခုဒ္ဒကနိကာယ(အဘိဓမ္မပိဋက) (ပထမပိုင်း) နှစ်ကျမ်း ဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် နှစ်ကျမ်းအောင်(၁၄၇)ပါး၊  တစ်ကျမ်း အောင်(၁၂၂)ပါးတို့ဖြစ်ပါသည်။  နှစ်ကျမ်းအောင်(၁၄၇) ပါးတို့တွင် ပထမ၊  ဒုတိယ၊ တတိယရရှိသော     အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်-
    (က)    ခုံအမှတ် မဟမ/၂၊ အရှင်နန္ဒောဘာသာလင်္ကာရ၊ အသက် (၂၆)နှစ်၊ အဘ ဦးသန်းဝင်း၊ နတ်ရေကန်ရွာ၊  ချောင်းဦး မြို့နယ်၊ ဓမ္မဝေဒဂူကျောင်း၊   မစိုးရိမ်တိုက်သစ်၊   မဟာ အောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ (ပထမ)
    ( ခ )    ခုံအမှတ် စိန်/၂၊   အရှင်ကေတုမာလာလင်္ကာရ၊   အသက် (၂၃)နှစ်၊ အဘ ဦးသန်းစိုးနိုင်၊ တောင်တွင်းကြီးမြို့၊ ရွာမ ပရိယတ္တိစာသင်တိုက်၊   အင်းစိန်မြို့နယ်၊    ရန်ကုန်တိုင်း ဒေသကြီး။ (ဒုတိယ)
    ( ဂ )    ခုံအမှတ်    စက/၅၊   ရှင်ပညာစက္ကာလင်္ကာရ၊   အသက် (၂၁)နှစ်၊ အဘ ဦးလှကျော်၊  တပ်ပေါင်းရွာ၊  ဆိပ်ဖြူမြို့နယ်၊ မြစကြာကျောင်းတိုက်၊ စစ်ကိုင်းမြို့၊  စစ်ကိုင်းတိုင်းဒေသ ကြီး။ (တတိယ)
အုပ်စု(၉) ခုဒ္ဒကနိကာယ(အဘိဓမ္မပိဋက)(ဒုတိယပိုင်း)လေးကျမ်း ဖြေဆိုကြသောပုဂ္ဂိုလ်တို့တွင်   လေးကျမ်းအောင်(၆)ပါး၊  သုံးကျမ်း အောင်(၂)ပါး၊ နှစ်ကျမ်းအောင်(၆)ပါး၊ တစ်ကျမ်းအောင်(-)ပါးတို့ ဖြစ်သည်။
အုပ်စု(၁) ခုဒ္ဒကနိကာယ(ဝိနယပိဋက)ဝိနည်းအဋ္ဌကထာ (မဟာ ဝိဒူတန်း) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင်(၂)ပါး၊ နှစ်ကျမ်းအောင်(၈)ပါး၊ တစ်ကျမ်းအောင်(၁၀)ပါးတို့ဖြစ်ပါသည်။
အုပ်စု(၂) ဒီဃနိကာယ(သုတ္တန္တပိဋက)ဒီဃနိကာယ်အဋ္ဌကထာ (မဟာဝိဒူတန်း) သုံးကျမ်းဖြေဆိုကြသောပုဂ္ဂိုလ်တို့တွင်  သုံးကျမ်း အောင်(၄)ပါး၊ နှစ်ကျမ်းအောင် (၅)ပါး၊ တစ်ကျမ်းအောင် (၃)ပါးတို့ ဖြစ်သည်။
အုပ်စု(၃)မဇ္ဈိမနိကာယ(သုတ္တန္တပိဋက) မဇ္ဈိမနိကာယ်အဋ္ဌကထာ (မဟာဝိဒူတန်း) ဖြေဆိုကြသောပုဂ္ဂိုလ်တို့တွင် အောင်မြင်သူမရှိ။
အုပ်စု(၄) သံယုတ္တနိကာယ (သုတ္တန္တပိဋက)  သံယုတ္တနိကာယ် အဋ္ဌကထာ(မဟာဝိဒူတန်း) သုံးကျမ်း ဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် (၁) ပါး၊ နှစ်ကျမ်းအောင်(-)ပါး၊ တစ်ကျမ်းအောင်(-)ပါးတို့ ဖြစ်သည်။
အုပ်စု(၅) အင်္ဂုတ္တရနိကာယ(သုတ္တန္တပိဋက)အင်္ဂုတ္တိုရ်အဋ္ဌကထာ(မဟာဝိဒူတန်း) သုံးကျမ်းဖြေဆိုကြသောပုဂ္ဂိုလ်တို့တွင်   သုံးကျမ်း အောင်(၃)ပါး၊  နှစ်ကျမ်းအောင်(-)ပါး၊  တစ်ကျမ်းအောင် (၁)ပါးတို့ ဖြစ်သည်။
အုပ်စု(၈) ခုဒ္ဒကနိကာယ(အဘိဓမ္မပိဋက) အဋ္ဌကထာ   (မဟာ ဝိဒူတန်း) နှစ်ကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် နှစ်ကျမ်းအောင်(၂)ပါး၊ တစ်ကျမ်းအောင်(-)ပါးတို့ဖြစ်သည်။
အုပ်စု(၉) ခုဒ္ဒကနိကာယ (အဘိဓမ္မပိဋက) အဋ္ဌကထာ (မဟာ ဝိဒူတန်း)ဖြေဆိုကြသောပုဂ္ဂိုလ်တို့တွင် အောင်မြင်သူ(၃)ပါးဖြစ်သည်။
၁၃၈၆ ခုနှစ်(၂၀၂၄ ခုနှစ်)၊ (၃၁)ကြိမ်မြောက်  နိကာယ်စာမေးပွဲ အောင်စာရင်းကို ဝိဒူတန်းအုပ်စု(၉) အုပ်စုနှင့် မဟာဝိဒူတန်းအုပ်စု(၇)အုပ်စုတို့တွင် ကျမ်းစဉ်အလိုက်   အောင်မြင်ကြသူပေါင်း (၇၁၉၂)ပါး ဖြစ်သည်။
၁၃၈၆ ခုနှစ်(၂၀၂၄ ခုနှစ်)၊ (၃၁)ကြိမ်မြောက် နိကာယ်စာမေးပွဲအောင်စာရင်းအပြည့်အစုံကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov. mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်