
လေးမျက်နှာ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ် အတွင်း ငဝန်မြစ်ရေ တက်ရောက်နေမှုနှင့် ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ယနေ့နံနက် ၇နာရီခွဲက ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ခတ္တူအုပ်စု ငှက်ပျောတောကျေးရွာအတွင်း ငဝန်မြစ်ရေကြီးမြင့်လာမှုကြောင့် လူနေအိမ်များ၊ စိုက်ခင်းများ ရေနစ်မှုရှိ မရှိအခြေအနေနှင့် ရှေးဟောင်း သမိုင်းဝင် စတုမုခထူပါရုံစေတီတော် ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လေးမျက်နှာမြို့နယ်အတွင်း ကမ်းပြို၊ ကမ်းစားမှုဖြစ်ပေါ်လာပါက အရေးပေါ် ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာန၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အုပ်ချုပ် ရေးမှူးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ ကြောင်းသိရသည်။
မိုးသက်ကို (ပြန်/ဆက်)