
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဈေးကွက်သို့ ဇွန်လကုန်မှစတင်၍ ပဲစင်းငုံ အနီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင်လဒုတိယအပတ် တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအနေဖြင့် ပဲစင်းငုံအနီ တစ်တင်းလျှင် ငွေကျပ် ၁၃၈၃၀ဝ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ တင်းပေါင်း ၄၀၀ ၊ တန်အားဖြင့် ၁၃ တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လပထမအပတ်နှင့် ဇူလိုင်လ ဒုတိယအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများ နှိုင်းယှဉ်ပါက ဇူလိုင်လပထမအပတ်၌ ပဲစင်းငုံအနီ တစ်တင်းလျှင် ငွေကျပ် ၁၄၀၀၀ဝ ပေါက်ဈေးရှိခဲ့သဖြင့် ဇူလိုင်လဒုတိယအပတ်တွင် ပဲစင်းငုံအနီ တစ်တင်း လျှင် ငွေကျပ် ၁၇၀ဝ လျော့နည်း၍ ဝင်ရောက်သမျှ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ရွှေဘိုဈေးကွက်မှ သိရသည်။
DOCA(စစ်ကိုင်း)