ပြည်သူများ ဈေးကွက်အတွင်း ဝယ်ယူရခက်ခဲ့သည့် ဆေးဝါးများကို မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ကုမ္ပဏီဖြန့်ဈေးအတိုင်း ရောင်းချပေးလျက်ရှိ

ရန်ကုန်   ဇူလိုင်   ၁၈
ရန်ကုန်တိုင်းဒေသကြီးရှိ   မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရုံးတွင် ပြည်သူများဈေးကွက် အတွင်း ဝယ်ယူရခက်ခဲ့သည့် ဆေးဝါးများကို ဆေးကုမ္ပဏီများ၏  ဖြန့်ဈေးအတိုင်း မြန်မာ နိုင်ငံဆေးနှင့်     ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းက ရောင်းချပေးလျက်ရှိကြောင်း မြန်မာ နိုင်ငံဆေးနှင့်     ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ         ဒေါက်တာဝင်းကြိုင်ထံမှ  သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဆေးဝါးဈေးကွက် အတွင်း ဝယ်ယူရခက်ခဲ့သည့် ဆေးဝါးများကို  ဇူလိုင်  ၁၇ ရက်မှစတင်ကာ ဆေးနှင့်ဆေးပစ္စည်း တင်သွင်းသည့်    ကုမ္ပဏီ  (၄၀) မှ    ဆေးဝါး ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေသည့် ဈေးနှုန်း များဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။
‘‘ဈေးကွက်ထဲမှာ ရှာရခက်နေတဲ့ ဆေးဝါး တွေကို မိမိသောက်နေကျဆေးတွေ၊ ဆေးကတ် တွေ၊ ဆေးဘူးတွေ၊ လူနာမှတ်တမ်းတွေ ယူလာ ပြီး လာရောက်ဝယ်ယူလို့ရပါတယ်။ လူနာတွေ ဆေးဝယ်မှားတာတို့၊  မသိတာတို့ဖြစ်မှာစိုးရင်  Medical Team ထားပေးထားတယ်။ ဒါ့အပြင် လူနာသောက်နေကျ       ဆေးကရှာမရဘူး။ ဈေးအလွန်ကြီးတယ်ဆိုရင် အစားထိုးသောက် နိုင်တဲ့ အလားတူဈေးချိုတဲ့ ဆေးတွေကိုလည်း Help Centre Medical Team က အကြံပေး လျက်ရှိပါတယ်’’ ဟု ဒေါက်တာ ဝင်းကြိုင်က ပြောသည်။
ယင်းကဲ့သို့     ဆေးဝါးဈေးကွက်အတွင်း ဝယ်ယူရခက်ခဲသည့်    ဆေးဝါးများကို    ဆေး ကုမ္ပဏီများက ဖြန့်ဈေးအတိုင်း ရောင်းချပေး မည့်   အစီအစဉ်ကို   အခြားတိုင်းဒေသကြီးနှင့်  ပြည်နယ်များတွင်လည်း ရောင်းချပေးနိုင်ရန်  စီစဉ်ဆောင်ရွက်နေကြောင်း      မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း မှ သိရသည်။
လက်ရှိ ဆေးရောင်းပွဲတွင် အခြေခံအိမ်သုံး ဆေးဝါးများအပြင်   သွေးတိုး၊  နှလုံး၊  ဆီးချို၊ ကျောက်ကပ်၊   ကင်ဆာဆေး၊   ပိုးသတ်ဆေး၊ အရိုးနှင့်  အကြောအထောက်အကူပြုပစ္စည်း များကို ရောင်းချပေးနေသည်ဟုလည်း သိရ သည်။                         

ASH