စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာကန်အတွင်း ငါးမျိုးစိုက်ထည့်

မုံရွာ   ဇူလိုင်   ၁၈
စစ်ကိုင်းတိုင်းဒေသကြီး      မုံရွာ မြို့နေ  ပြည်သူများ  ငါးစားသုံးမှု ဖူလုံစေရေးနှင့်      ငါးသယံဇာတ ပေါများစေရေးတို့        အတွက် ကန်သာယာကန်အတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်း    အခမ်းအနားကို ဇူလိုင်   ၁၈   ရက်    နံနက်ပိုင်းက အဆိုပါ          ကန်ရှိရေပေါ်စင်တွင် ကျင်းပရာ  အခမ်းအနားသို့  တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး တက်ရောက်သည်။
ဦးစွာ    တိုင်းဒေသကြီး     ငါး လုပ်ငန်းဦးစီးဌာနမှ    တိုင်းဒေသ ကြီး ဦးစီးမှူး ဒေါက်တာ စုမျိုးသွယ် က      ကန်သာယာကန်အတွင်း ငါးမျိုးစိုက်ထည့်ရခြင်းနှင့်    ပတ် သက်၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်     ဦးမြတ်ကျော်နှင့် ဇနီး၊  တိုင်းဒေသကြီး တရားသူကြီး ချုပ်၊  တိုင်းဒေသကြီး  အစိုးရအဖွဲ့ ဝင်များနှင့်    ဇနီးများ၊   တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့်     ဌာန ဆိုင်ရာများနှင့်    တာဝန်ရှိသူ များက ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ  တစ်သိန်းအား  ကန် သာယာကန်အတွင်း   ငါးမျိုးများ တပျော်တပါးစိုက်ထည့်ပေး ကြသည်။ 
တိုင်းဒေသကြီး   ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့်    ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်      ချင်းတွင်းမြစ် အတွင်း ငါးသားပေါက်ကောင်ရေ စုစုပေါင်း   ၃၆၀၀၀၀  (သုံးသိန်း ခြောက်သောင်း)  နှင့်     မုံရွာမြို့ ကန်သာယာကန်နှင့်     လယ်တီ ကန်အတွင်းသို့    ငါးသားပေါက် ကောင်ရေ စုစုပေါင်း ၂ သိန်းတို့ကို ငါးမျိုးများ    စိုက်ထည့်ခဲ့ကြောင်း   သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)