
ရန်ကုန် ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင် များသည် ယမန်နေ့ ညနေပိုင်းက ဧရာဝတီမြစ်ရေ မြင့်တက်မှု ကြောင့် ရေကြီးနစ်မြုပ်နေသည့် တိုက်ကြီးမြို့နယ် အဖျောက်မြို့ ၏ ကျေးရွာများရှိ ရေဘေးသင့် အိမ်ထောင်စုများနှင့် ဘုန်းတော် ကြီး ကျောင်းများသို့ အခြေခံ စားသောက်ကုန်များ သွားရောက် ထောက်ပံ့လှူဒါန်းကြပြီး ဒေသခံ ပြည်သူများကို အားပေးစကား များ ပြောကြားသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ရေပြန်ကျေးရွာရှိ ဒေသခံပြည်သူ များနှင့် အခြေခံပညာမူလတန်း ကျောင်းရှေ့တွင် တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး အခြေခံ စားသောက်ကုန်ပစ္စည်း များအား ထောက်ပံ့ပေးအပ် ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၌ ရေပေါ်သောင်ကျေးရွာ အုပ်စု အလယ်ကင်းကျေးရွာ၊ ရေပြန် ကျေးရွာ၊ မအူကုန်းကျေးရွာ၊ ရေပေါ်သောင်ကျေးရွာရှိ အိမ်ခြေ ၇၂၆ အိမ်၊ အိမ်ထောင်စု ၇၅၃ စုနှင့် အုန်းပင်းကွင်းကျေးရွာ အုပ်စု အုန်းပင်ကွင်းကျေးရွာ၊ ရေလဲကြီး ကျေးရွာ၊ သံပုရာကုန်းကျေးရွာ၊ သာရဝေါကျေးရွာ၊ ရေပြန်ကျေးရွာ တို့မှ အိမ်ခြေ ၆၈၂ အိမ်၊ အိမ် ထောင်စု ၇၅၉ စုတို့မှ မိသားစုဝင် များနှင့် တွေ့ဆုံပြီး အားပေး စကားများပြောကြား၍ ကျန်းမာ ရေး ဂရုစိုက်ကြရန်နှင့် လိုအပ် သည်များ မှာကြားပြီး အဆိုပါ အိမ်ထောင်စုများနှင့် ကျေးရွာ များ၏ ဘုန်းတော်ကြီးကျောင်း များမှ ဆရာတော်၊ သံဃာတော် များအတွက် ရေသန့်ဘူး ၃၀၀၀၊ ၂၄ ပြည်ပါဆန် အိတ် ၂၀၀၊ ကြက်ဥ အလုံး ၄၀၀၀၊ ခေါက်ဆွဲခြောက် အထုပ် ၃၀၀၀၊ ရေသန့်ဆေးပြား ၁၀၀၀၀၊ ဓာတ်ဆားထုပ် ၁၀၀၀၊ လက်သန့် ဆေးရည်ဘူးများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဖျောက်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် နေသော လူနာများကို အားပေး စကားပြောကြားပြီး ထောက်ပံ့ ငွေများပေးအပ်၍ ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)