ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပနိုင်ရေး သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၁၈


ပဉ္စမအကြိမ်  အမျိုးသားအားကစား ပွဲတော်       ကျင်းပနိုင်ရေးအတွက် သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း တင်ရေးဆပ်ကော်မတီ   လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက်  ၁၀ နာရီတွင် နေပြည်တော် ရှိ       ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌     ကျင်းပ  သည်။


အစည်းအဝေးသို့   ပြန်ကြား ရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးရဲတင့်၊   အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊  ဌာနဆိုင်ရာ အကြီးအကဲများ၊ သတင်းထုတ်ပြန် ရေးနှင့်         မှတ်တမ်းတင်ရေး ဆပ်ကော်မတီ    အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ   တက်ရောက်ကြ သည်။


ဦးစွာ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်  အောင်မြင်စွာ ကျင်းပ     ပြုလုပ်နိုင်ရေးအတွက် သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း တင်ရေး       ဆပ်ကော်မတီဥက္ကဋ္ဌ    ဒုတိယဝန်ကြီး ဦးရဲတင့်က ပြည်သူ များ    စိတ်ပါဝင်စားလာစေရေး အတွက်    အမျိုးသားအားကစား ပွဲတော်နှင့် ဂုဏ်ပြုအစီအစဉ်များ ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရေဒီယို၊      သတင်းစာအပါအဝင် နိုင်ငံပိုင်မီဒီယာများမှ     ပွဲတော် မတိုင်မီကာလတွင် ကျယ်ကျယ် ပြန့်ပြန့် ကြိုတင်ထုတ်လွှင့်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊      ပွဲတော် ကာလအတွင်း     ပြိုင်ပွဲယှဉ်ပြိုင်မှု များကို    နိုင်ငံပိုင်မီဒီယာများနှင့် ပြင်ပမီဒီယာများ၊    အားကစား မီဒီယာများမှ     အချိန်မီသတင်း ထုတ်ပြန်နိုင်ရေးနှင့်    မှတ်တမ်း တင်ရေးကိစ္စများ   ညှိနှိုင်းဆောင် ရွက်ရန်၊  ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား တိုက်ရိုက်  (Live)   ထုတ်လွှင့်ရန်၊ နေ့စဉ်      သတင်းလွှာထုတ်ဝေရန် နှင့်    ပဉ္စမအကြိမ်     အမျိုးသား အားကစားပွဲတော်       ကျင်းပမှု မှတ်တမ်းပြုစု      ဆောင်ရွက်ရန်၊ အားကစားသမားများ     တည်းခို နေထိုင်မည့်နေရာ၌       စာအုပ် စာစောင်စုံလင်စွာဖြင့်  စာကြည့် တိုက်နှင့်       စာအုပ်အရောင်း ဆိုင်   ဖွင့်လှစ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းတာဝန်များ    လစ်ဟင်းမှု မရှိစေရေး   ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း      ပြောကြားသည်။


ထို့နောက်  သတင်းထုတ်ပြန် ရေးနှင့်        မှတ်တမ်းတင်ရေး ဆပ်ကော်မတီ     အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ်     ဦးရဲနိုင် က  ဆပ်ကော်မတီ၏     လုပ်ငန်း တာဝန်များ၊ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှု၊ ဖွင့်ပွဲ၊  ပိတ်ပွဲ အခမ်း အနား တိုက်ရိုက် (Live) ရိုက်ကူး ထုတ်လွှင့်နိုင်ရေး၊   အားကစား ပြိုင်ပွဲများ နေရာအလိုက် ရိုက်ကူး ထုတ်လွှင့်နိုင်ရေး၊      သတင်းရယူ ထုတ်လွှင့်ဖော်ပြမည့်   အစီအစဉ် များနှင့်စပ်လျဉ်း၍       ရှင်းလင်း တင်ပြသည်။


ယင်းနောက်    ဆပ်ကော်မတီ အဖွဲ့ဝင်များနှင့် တက်ရောက်လာ သူများက   အားကစားသမားများ တည်းခိုနေထိုင်ရာနေရာ၌ စာကြည့် တိုက်နှင့်     စာအုပ်အရောင်းဆိုင် ဖွင့်လှစ်နိုင်ရေး၊ သတင်း၊ ဆောင်းပါး၊ အင်တာဗျူးများ   ဖော်ပြနိုင်ရေး၊ ပွဲတော်ကျင်းပနေစဉ်  သတင်းလွှာ ထုတ်ဝေနိုင်ရေး၊       ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ    ဖိတ် ကြားနိုင်ရေး၊   သတင်းထုတ်ပြန်ရေး နှင့်    မှတ်တမ်းတင်ရေး   စသဖြင့် သက်ဆိုင်ရာ     ကဏ္ဍအလိုက် ပေါင်းစပ်         ဆောင်ရွက်သွားမည့်  အစီအစဉ်များနှင့်      စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍   ဆပ်ကော်မတီ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးက   နိဂုံးချုပ် အမှာစကားပြောကြားသည်။  


သတင်းစဉ်